လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေအပေါ်မူတည်၍ သျှမ်းပြည်အတွင်းရှိ လူမျိုးစုများ၏ အနာဂတ်နိုင်ငံရေးမျှော်ရည်ချက်နှင့် အေးချမ်းစွာအတူတကွယှဉ်တွဲနေထိုင်နိုင်ရေး ကြိုတင်ညှိနှိုင်း တိုင်ပင်ရန် နိုင်ငံရေးအရလိုအပ်မှုများနှင့် လိုက်လျောညီထွေစွာ နေထိုင်နိုင်ရေးအတွက် ရည်ရွယ်ပြီး သျှမ်းပြည်ညီလာခံပြင်ဆင်ရေး ဒုတိယအဆင့် နောက်ဆက်တွဲဆွေးနွေးပွဲကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ (၁၄) ရက်နေ့နှင့် (၁၅) ရက်နေ့တို့တွင် (၂) ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အဓိကရည်ရွယ်ချက်အဖြစ် သျှမ်းပြည်အတွင်းရှိ လူမျိုးစုများ သဘောတူလက်ခံနိုင်သော သျှမ်းပြည် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အခြေခံရမည့်မူနှင့် ဖက်ဒရယ်မူရရှိလာနိုင်ရန်၊ သျှမ်းပြည်ကို ကိုယ်စားပြုနိုင်သော နိုင်ငံရေးစုပေါင်းဦးဆောင်မှု ဖွဲ့စည်းနိုင်ရန်နှင့် သျှမ်းပြည်အတွင်းရှိ လူမျိုးစုများ သဘောတူလက်ခံသော အခြေခံမူနှင့် ဖက်ဒရယ်မူကို စုပေါင်းအကောင်အထည်ဖော်ဆောင်နိုင်ရန် ဖြစ်သည်။
ယခုအကြိမ် ဆွေးနွေးပွဲကို လူနည်းစုအခွင့်အရေးများ ခေါင်းစဉ်ဖြင့် ဆွေးနွေးသွားမည်ဟု ဆိုသည်။ ဆွေးနွေးပွဲကို သျှမ်းပြည်အတွင်းရှိ သျှမ်း၊ ပအိုဝ်း၊ တအာင်း၊ ဓနု၊ ကချင်၊ ကိုးကန့်၊ အင်းသား၊ လားဟူ၊ အာခါ၊ ဝ၊ ကယန်း၊ လီဆူး၊ ယင်းနက်နှင့် အခြား တိုင်းရင်းသား ညီအစ်ကိုမောင်နှမများနှင့် ပြည်တွင်းပြည်ပရှိ တိုင်းရင်းသားလူမျိုးစုများ တက်ရောက်ဆွေးနွေးကြမည်ဖြစ်သည်။
သျှမ်းပြည်ညီလာခံဖြစ်မြောက်ရေး ကော်မတီတွင် တိုင်းရင်းသားပြည်သူလူထုများ လူမျိုးစုများက ဦးဆောင်ထားလျက်ရှိကြောင်း သတင်းရရှိသည်။
#HsanLoiVoice
https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=
https://hsanloivoice.org/