သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

သျှမ်းတောင် PDF အဖွဲ့ဝင်တစ်ချို့လက်နက်/ခဲယမ်းများနှင့် အတူဖမ်းဆီးခံရ ဟုဆို

သျှမ်းတောင် PDF အဖွဲ့ဝင်တစ်ချို့လက်နက်/ခဲယမ်းများနှင့် အတူဖမ်းဆီးခံရ ဟုဆို

Hsan Loi Editor
08/01/2023
Share:

 

သျှမ်းပြည်နယ် တောင်ပိုင်းညောင်ရွှေမြို့နယ်၊ အင်းလေးဒေသအတွင်းရှိPDFအဖွဲ့ဝင်တစ်ချို့နှင့် တောင် ကြီးမြို့ပေါ်ရှိ ထောက်ပို့များ ဖမ်းဆီးခံရကြောင်း စစ်ကောင်စီ သတင်းများ ကဖော်ပြထားသည်။

 

ဒီဇင်ဘာလ ၂၇ ညပိုင်းတွင် စစ်ကောင်စီတပ်သားများ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသညောင်ရွှေမြို့နယ်၊ အင်းတိန်ကျေးရွာ၊ အင်းတိန်ညောင်အုပ်ကျောင်းတိုက်ရှိကျောင်း ထိုင်ဆရာတော် ဥူးဇဝန အားဝင်ရောက် ဖမ်းဆီးခဲ့သည်။

 

၄င်းနောက် ဒီဇင်ဘာ၂၉ တွင် သန်းဇော်ဌေး(ခ) သားငယ်အား ကလောမြို့နယ်၊ ဟဲဟိုးမြို့၊ ညောင်ခါးရှည် ကျေး ရွာအနီး၌ လည်းကောင်း၊ ညနေပိုင်းတွင် သျှမ်းတောင် PDF အဖွဲ့ခေါင်းဆောင် ဇော်ဇော်အောင် (ခ) ဆရာကျောင်းနှင့် အဖွဲ့ဝင် အိုက်ရွန်တို့ ၂ ဦးအား ကလောမြို့နယ်၊ ဟဲဟိုးမြို့၊ ရပ်ကွက် (၅) ရှိ “နန္ဒဝန်” စား သောက်ဆိုင်တွင် ပစ္စတို ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၅၀ တောင့်၊ လက်ပစ်ဗုံး ၂ လုံး၊ စကားပြောစက် ၁ လုံးတို့ဖြင့် ဖမ်းဆီးရမိခဲ့ကြောင်းဖော်ပြထားသည်။

 

ဒီဇင်ဘာ ၃၁ ညနေပိုင်းတွင် PDF အဖွဲ့များအား သ တင်းများပေးပို့ခဲ့သည်ဟုဆိုကာ တင်တင်ညို (ခ) မလေးအား တောင်ကြီးမြို့၊ မင်္ဂလာဦးရပ်ကွက်ရှိ နေအိမ်၌ လည်း ကောင်း၊ PDF အဖွဲ့များအား ငွေကြေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများတွင် ကူညီဆောင်ရွက်ပေးနေသည်ဟုဆိုကာ မင်းမင်းဦးအား တောင်ကြီးမြို့၊ ညောင်ဖြူစခန်းရပ်ကွက်နေအိမ် ၌ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြထားသည်။

 

ညောင်ရွှေမြို့နယ်၊ လုံကန်ကျေးရွာ၊ တောင်တိုကျေးရွာ၊ တောင်ခြားပြင်ကျေးရွာအနီးတစ်ဝိုက်ရှိ PDF တပ်စခန်းတစ်ခုကို ဇန်နဝါရီ ၃ ရက်နေ့က စစ်ကောင်စီမှ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး PDF ခေါင်းဆောင် ၁ ဦး အပါအဝင် ကျား ၆ ဦး၏ အလောင်းများနှင့် အသက်ရှင်လျှက် ကျား ၇ ဦး၊ မ ၁ ဦး နှင့် လက်နက်များ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီကသတင်းထုတ်ပြန်ထားသည်။