သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

သျှမ်းတောင် ရွာငံမှာ စစ်တပ်က ရွာလုံးကျွတ်မီးရှို့ခဲ့တဲ့ဒေသခံတွေအကူညီလိုအပ်နေ 

သျှမ်းတောင် ရွာငံမှာ စစ်တပ်က ရွာလုံးကျွတ်မီးရှို့ခဲ့တဲ့ဒေသခံတွေအကူညီလိုအပ်နေ 

Hsan Loi Editor
28/12/2024
Share:

 

သျှမ်းပြည်တောင်ပိုင်း ၊ ရွာငံမြို့နယ် ၊ မင်းပလောင်ကျေးရွာကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၂၂ ရက် နဲ့၂၃ ရက်နေ့က ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် မီးဘေးသင့်ခဲ့တဲ့ ဒေသခံတွေ အကူအညီလိုအပ်နေတယ် လို့ဒေသခံတွေဆီက သိရပါတယ် ။

 

ဒီဇင်ဘာလ ၂၂ရက်နေ့ကရေလှကျေးရွာဖက်ကနေ အင်အား (၁၁၀)ခန့် ရှိတဲ့စစ်ကောင်စီစစ်ကြောင်းဟာ မင်းပလောင်ရွာကိုထိုးစစ်ဆင်လာပြီး DSNA-ဓနုပြည် နယ်အမျိုးသားကာကွယ်ရေးတပ် နဲ့ နှစ်ရက်တိတိထိတွေ့တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက် စစ်ကောင်စီတပ်ကမင်းပလောင်ရွာကနေအိမ်တွေ ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ် ။

 

မီးရှို့ဖျက်ဆီးခံရတဲ့ မင်းပလောင်ရွာက အရပ် သားပြည်သူ နေအိမ်စုစုပေါင်း ၁၇၀ မီးလောင်ဆုံး ရှုံးခဲ့ပြီး နေအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် ၈၀၀ခန့်ရှိနေတယ်လို့ သိရပါတယ် ။

 

လက်ရှိမှာ မင်းပလောင် ကျေးရွာနေဒေသခံပြည်သူတွေ စစ်ဘေးရှောင်နေရပြီးစားနပ်ရိက္ခာ ပြတ်တောက်ကာ မိုးကာ ၊ အိုးခွက်ပန်းကန် ၊ စောင် ၊ ဆေးဝါးများ အရေးပေါ်လိုအပ်နေပြီး ၊ ကျန်းမာ ရေးစောင့်ရှောက်မှုတွေ လဲလိုအပ်နေတယ်လို့ ကူညီနေသူတွေဆီက သိရပါတယ် ။

 

အဲ့ဒီတိုက်ပွဲအတွင်းမှာ စစ်ကောင်စီဖက်က ၃ ဦးသေဆုံးပြီး၊ ၅ဦးခန့် ဒဏ်ရာရရှိခဲ့ပေမဲ့ DSNDF ဖက်က ယခုချိန်ထိ ထိခိုက်ကျဆုံးမှုမရှိပဲ ဆက်လက်နေရာယူထားဆဲဖြစ်တဲ့ပြင် စစ်ကောင်စီဖက်ကဆုတ်ခွာမှုမရှိသေးတဲ့အတွက် တိုက်ပွဲတွေ ထပ်မံဖြစ်ပွားနိုင်တယ်လို့ DSNDF ကထုတ်ပြန်ထားပါတယ် ။