သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

သျှမ်းတောင်မှ ကျောက်ဆည်သို့ ပို့ဆောင်နေသည့်   ကျောက်မီးသွေးတင်တွဲကားတစ်စီး တိမ်းမှောက်ပြန်

သျှမ်းတောင်မှ ကျောက်ဆည်သို့ ပို့ဆောင်နေသည့်  ကျောက်မီးသွေးတင်တွဲကားတစ်စီး တိမ်းမှောက်ပြန်

Hsan Loi Editor
27/06/2023
Share:

 

ယနေ့ ဇွန်လ ၂၇ နံနက် ၁၀ နာရီအချိန်ခန့်က အောင် ပန်း -တောင်ကြီးသွားလမ်း၊ ကျောက်နွားတောင်အနီးအကွေ့ တွင်ကျောက်မီးသွေးတင်ဆောင်လာသည့်တွဲကားယာဥ်တိမ်းမှောက်မူဖြစ်ပွားခဲ့ရာ ယာဥ်မောင်းဖြစ်သူဒဏ်ရာရရှိခဲ့ကြောင်း သိရသည် ။

 

သျှမ်းပြည်နယ်တောင်ပိုင်း ပင်လုံနှင့်နမ့်စန် မှထွက်သောကျောက် မီးသွေးများကို ကျောက်ဆည်ဘိလပ်မြေ စက်ရုံသို့ နေ့စဥ် နှင့်အမျှတွဲကားအစီးရေ ၅၀ နှင့် အထက်ပို့ဆောင်နေပြီးယခုကဲ့သို့ ယာဥ်မတော် တဆများ မကြာခဏဖြစ်ပွားနေကြောင်း သိရသည် ။

 

၄င်းယာဥ်တိမ်းမှောက်မှုကြောင့် ကျောက်ဆည်မြို့နေ ယာဥ် မောင်း တစ်ဦးဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီးအောင်ပန်း နာရေးကူညီမှုအသင်းမှ အောင်ပန်းဆေး ရုံအရေးပေါ်ဌာနသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည် ။

 

အဆိုပါတွဲကားများအားကျောင်းဆင်းချိန်၊အလုပ် ဆင်း ချိန်အတွင်း ဖြတ်သန်းဖြတ်သန်းခွင့်ပြုထားသည့်အတွက် တွဲကားများဖြတ်သန်းသွားလာရာ နမ့်စန် ၊လွိုင်လင် ၊ မိုင်းပွန် ၊ ဟိုပုံး ၊ တောင်ကြီး၊ ရွှေညောင် ၊ အောင် ပန်း အစရှိသည့် မြို့ကြီးများတွင် ယာဥ်ကြောပိတ်စို့မှုများ နှင့်ယာဥ်တိုက်မှု ၊ ယာဥ်တိမ်းမှောက်မှုများမကြာ ခဏ ဖြစ်ပွားနေကြောင်း သျှမ်းတောင်ဒေသခံများ ထံမှ သိရှိရပါသည် ။