သျှမ်းပြည်နယ်မြောက်ပိုင်း သီပေါ-လားရှိုးလမ်း စဉ့်အင်ချောင်းအား ယမန်နေ့ဇွန်လ (၁၆)ရက်နေ့ နေ့လည်ပိုင်းကစပြီး ဖောင်ဖြင့် ပြန်လည်ကူးဖြတ်နိုင်ပြီဖြစ်သည်။
ယာယီတည်ဆောက်ထားသော စဉ့်အင်ချောင်းကူးတံတားပေါ် ချောင်းရေတက်လာပြီးနောက် ဖောင်ဖြင့် ကားများကိုတင်ဆောင်ကူးဖြတ်ပေးနေပြီး ကားငယ်တစ်စီး ချောင်းကူးခ (၂၀၀၀၀) ကျပ်ပေးရသည်။
