ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

သီပေါ နမ္မတူမြစ် ရေကာတာစီမံကိန်းကြောင့် သမိုင်းဝင်ဘော်ကြိုဘုရား နှင့် ဘော်ကြိုကျေးရွာအုပ်စု ရေအောက်မြုပ်သွားနိုင်  

သီပေါ နမ္မတူမြစ် ရေကာတာစီမံကိန်းကြောင့် သမိုင်းဝင်ဘော်ကြိုဘုရား နှင့် ဘော်ကြိုကျေးရွာအုပ်စု ရေအောက်မြုပ်သွားနိုင်  

Hsan Loi Editor
17/03/2023
Share:

 

သျှမ်းပြည်မြောက်ပိုင်း၏ အဓိကမြစ်တစင်းဖြစ်သော နမ္မတူ (မြစ်ငယ်) မြစ်သည် ရေအားလျှပ်စစ်စက်ရုံ အများအပြားတည်ဆောက်မှု အစီအစဥ်အောက်တွင် ခြိမ်းခြောက်ခံနေရကြောင်း သျှမ်း သဘာဝပါတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး အရပ်ဖက်အဖွဲ့ထံကတဆင့် သိရသည်။

 

တည်ဆောက်ရန် စီစဥ်ထားသည့် ရေကာတာ ၅ ခု အနက်မှ ပထမဆုံးတခုသည် မန္တလေးတိုင်းဒေသကြီးရှိ ရဲရွာရေကာတာကို ၂၀၁၀ ခုနစ်တွင် ဆောက်လုပ်ပြီးစီးခဲ့ပြီး ကျန်နှစ်ခုသည် သျှမ်းပြည်မြောက်ပိုင်းရှိ 280 MW ဓာတ်အားထွက်ရှိမည့် ကျောက်မဲမှ အထက်ရဲရွာ​ရေကာတာနှင့် သီပေါမှ 210 MW ဓာတ်အားထုတ်လုပ်မည့် နမ္မတူရေကာတာတို့ဖြစ်ကြောင်း (ဆောက်လုပ်နေဆဲ) သိရသည်။

 

အထက်ရဲရွာရေကာတာစီမံကိန်း၏ ရေမြုပ်ဧရိယာကြောင့် ရှေးဟောင်းသမိုင်းဝင်ဘော်ကြိုဘုရားတည်ရှိသော ဘော်ကြိုကျေးရွာအပါအဝင်ကျေးရွာအုပ်စု ၁၁ စု တို့သည် ရေအောက်သို့ နစ်မြုပ်သွားမည်ဖြစ်ပြီး နမ္မတူရေကာတာသည်လည်း နမ့်ဆန်မြို့နယ်အတွင်းရှိ လီလုကျေးရွာကို ရေလွမ်းမိုးသွားစေမည်ဖြစ်သည်။

 

နမ္မတူမြစ်ပေါ်မှ ရေကာတာစီမံကိန်းများကို ဒေသခံတို့သည် ခေတ်အဆက်ဆက်ဆန့်ကျင်ကန့်ကွက်ခဲ့ကြပြီး အဆိုပါစီမံကိန်းများတွင်ပူးပေါင်းနေသော နိုင်ငံတကာ ကုမ္ပဏီများကို နုတ်ထွက်ရန်တောင်းဆိုမှုများပြုလုပ်ခဲ့သည်။

 

၂၀၂၁ စစ်ကောင်စီ အာဏာသိမ်းပြီကတည်းက နိုင်ငံတကာကုမ္ပဏီအများစုသည် နမ္မတူမြစ်ပေါ်တွင်ရေကာတာတည်ဆောက်မည့်အစီအစဥ်များကိုဆိုင်းငံခဲ့ကျရာ သြစတီးယားကုမ္ပဏီ Andritz နှင့် ဂျပန်ကုမ္ပဏီ Kansai Electric Power တို့သည် မန္တလေးတိုင်း ဒီးဒုတ်ရေကာတာ စီမံကိန်းမှလည်းကောင်း၊ နော်ဝေကုမ္ပဏီ Scatec သည် နောင်ချိုမြို့ရှိ အလယ်ရဲရွာစီမံကိန်းမှ လည်းကောင်း ဆိုင်းငံ့ခဲ့ကြသည်။

 

သို့သော်လည်း တရုတ် Zhejiang Orient Engineering ကုမ္ပဏီ၊ ဂျပန် Toshiba Hydro Power ကုမ္ပဏီ၊ ပြင်သစ် Razel-Bec နှင့် ဆွီဒင် AFRY ကုမ္ပဏီတို့သည် အထက်ရဲရွာရေကာတာ အနီးပတ်ဝန်းကျင်ဒေသများတွင် ပဋိပက္ခများဖြစ်ပွားနေသည့်ကြား စစ်ကောင်စီ၏ ရေကာတာတည်ဆောက်မှုများတွင် ဆက်လက်ပတ်သက်နေကြဆဲ ဖြစ်သည်။

 

လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများအပါအဝင် စစ်တပ်၏ ပြည်သူများအပေါ် အကြမ်းဖက်မှု နည်းမျိုးစုံဖြင့် ဖိနှိပ်မှုများသည် နေ့စဉ်နှင့်အမျှ နိုင်ငံတဝှမ်း တိုးမြင့်လာနေချိန်ဖြစ်သည်။

 

နိုင်ငံတကာ ကုမ္မဏီများသည် ဒေသခံ လူမျိုးစုများ၏ ဆန္ဒကို ဆန့်ကျင်၍ မြန်မာ့ သဘာ၀သံယံဇာတများအား စစ်ကောင်စီနှင့် အကျိုးတူ ပူးပေါင်း၍ အမြတ်ထုတ်နေကြခြင်းဖြစ်သည်။

 

သျှမ်းမြောက်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့လည်း ပါဝင်ပါတ်သက်မှုမကင်းကြောင်း ပြောပါသည်။

 

ထို့ကြောင့် သျှမ်းပြည် သဘာဝပါတ်ဝန်းကျင်ထိန်းသိမ်းရေး အရပ်ဖက်အဖွဲ့အစည်း အနေဖြင့် Zhejiang Orient Engineering Company, Toshiba Hydro Power, Razel-Bec နှင့် AFRY ကုမ္မဏီတို့အား ၎င်းတို့၏ အထက်ရဲရွာ စီမံကိန်း၌ ပါဝင်ပတ်သတ်နေမှုအား ချက်ချင်း ‌ရပ်တန့်ပေးရန် အလေးအနက်ထား ကန့်ကွက် တောင်းဆိုလိုက်သည်ဟု ဆိုသည်။

 

အဆိုပါ အထက်ရဲရွာ ရေကာတာစီမံကိန်းများကို အတူတကွ ဝိုင်းဝန်း ကန့်ကွက်ခြင်း၊ ကျန်ရှိနေသေးသော ကုမ္ပဏီများ အကောင်အထည်ဖော်မှုမှ နုတ်ထွက်ပေးရန်နှင့် စာဖတ်သူများ ပူးပေါင်းပါဝင် လက်မှတ်ထိုးပေးကြရန် သျှမ်းပြည် သဘာဝပါတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး အရပ်ဖက်အဖွဲ့အစည်းက တောင်းဆိုလာပါသည်။

 

ပူးပေါင်းပါဝင်လက်မှတ်ထိုးနိုင်သည့် လင့်

 

https://docs.google.com/forms/d/e/1FAIpQLSfY8H941xo4LM-cKoL2kw91WnNJ7ewawTG2ukwwp-2KTIWe_w/viewform

 

Photo: နမ္မတူမြစ်ပေါ်ရှိ ရေကာတာ