သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

သီပေါရွှေဆိုင်ဓားပြတိုက်ခံရမှုတွင် ငွေကျပ်တန်ဖိုးသိန်းတစ်သောင်းကျော်ရှိသော ရွှေများပါသွားဟုဆို

သီပေါရွှေဆိုင်ဓားပြတိုက်ခံရမှုတွင် ငွေကျပ်တန်ဖိုးသိန်းတစ်သောင်းကျော်ရှိသော ရွှေများပါသွားဟုဆို

Hsan Loi Editor
13/05/2024
Share:

 

ယမန်နေ့ ဧပြီလ (၁၂) ရက်နေ့ နံနက်အစောပိုင်းတွင် သျှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့ ပန်းတိမ်မြောက်ရပ်ကွက်ရှိ ရွှေချိန်ခွင် ရွှေဆိုင်ကို လူ(၄)ဦးက ဓားပြဝင်တိုက်ခဲ့သည်။

 

ဒေသခံတစ်ဦး၏ ပြောပြချက်အရ ဓားပြ(၄) ဦးက ကားဖြင့်ရောက်လာပြီး (၁)ဦးက ကားပေါ်စောင့်ကာ ကျန်(၃)ဦးက ဆိုင်အတွင်း ဓားပြဝင်တိုက်သွားခြင်းဖြစ်သည်။ ဓားပြများတွင် ပစ္စတိုသေနတ်ကိုယ်စီကိုင်ဆောင်ထားကြပြီး ဆိုင်အတွင်းရှိ မှန်ဘောင်များအား ရိုက်ခွဲကာ ရွှေထည်ပစ္စည်းများနှင့် ငွေသား ကျပ်သိန်း(၁၀၀) ကျော် ယူဆောင်သွားသည်။

 

“ ဓားပြတွေက ကားတစ်စီးနဲ့ရောက်လာပြီး (၃) ယောက်က ဆိုင်ထဲကိုဓားပြဝင်တိုက်နေတဲ့အချိန် ကားမောင်းတဲ့တစ်ယောက်က ဈေးထောင့်မှာ ကားစက်နှိုးထားပြီး အသင့်စောင့်နေတာ။ ဓားပြတိုက်တဲ့အချိန် မြို့ထဲလည်း ဆူညံနေတာကတစ်မျိုး ဓားပြတွေက ဆိုင်ရှင်ကိုသေနတ်တွေနဲ့ ထောက်ထားပြီး တိုက်တာဆိုတော့ ရွှေအများကြီးရသွားတယ်။ ဒီနေ့ တော့ ဆိုင်ရှင်နဲ့နီးစပ်တဲ့သူတွေပြောသံကြားတာတော့ ရွှေထည်ပစ္စည်းပဲကို သိန်းတစ်သောင်းကျော်ပါသွားတယ်ပြောတယ်။” ဟု သီပေါဒေသခံတစ်ဦးက ပြောပြသည်။

 

သျှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့တွင် စစ်ကောင်စီအဖွဲ့အပါအဝင် TNLA နှင့် SSPP အဖွဲ့စသည့် အဖွဲ့ပေါင်းစုံရှိနေသည့်ကြားက ယခုလို ဒုစရိုက်မှုကို ပေါ်ပေါ်ထင်ထင်ကျူးလွန်နေခြင်းဖြစ်သည်။