သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင် သီပေါမြို့နယ် ကုန်းသာရွာတွင် ယနေ့ နိုဝင်ဘာလ (၂၅) ရက်နေ့ နံနက်ပိုင်း၌ စစ်ကောင်စီတပ်နှင့် SSPP/SSA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဒေသခံများ၏ ပြောပြချက်အရ စစ်ကောင်စီတပ်ဘက်မှ (၂) ဦးသေဆုံးခဲ့ကြောင်း သိပြီး ယနေ့ညနေပိုင်းအထိ (၂) ဘက်တပ်များ အင်အားဖြည့်တင်းလျက်ရှိကြောင်း သတင်းရရှိသည်။
တိုက်ပွဲဖြစ်ပွားမှုကြောင့် ကုန်းသာကျေးရွာမှ ရွာသူရွာ သားများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ထားရသည်။
#HsanLoiVoice
https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=
https://hsanloivoice.org/