ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

သီတင်းကျွတ်လပြည့် နောင့်ချိုမြို့အား စစ်ကောင်စီလေယာဉ်က တစ်ညလုံးဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ပြည်သူများ ဘုရားမီးပူဇော်နိုင်ခြင်းမရှိဘဲ တစ်ညလုံးဗုံးခိုကျင်းအတွင်း ပုန်းအောင်းခဲ့ရဟုဆို

သီတင်းကျွတ်လပြည့် နောင့်ချိုမြို့အား စစ်ကောင်စီလေယာဉ်က တစ်ညလုံးဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ပြည်သူများ ဘုရားမီးပူဇော်နိုင်ခြင်းမရှိဘဲ တစ်ညလုံးဗုံးခိုကျင်းအတွင်း ပုန်းအောင်းခဲ့ရဟုဆို

Hsan Loi Editor
18/10/2024
Share:

 

ယမန်နေ့ည (၁၇.၁၀.၂၀၂၄) ရက်နေ့ သီတင်းကျွတ်လပြည့်ညတွင် သျှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့အား စစ်ကောင်စီ တိုက်လေယာဉ်များက ညလုံးပေါက် ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အောက်တိုဘာလ (၁၇) ရက်နေ့ည (၁၀) နာရီဝန်းကျင်ခန့်ကစပြီး နံနက် (၁) နာရီအထိ စစ်ကောင်စီတိုက်လေယာဉ်များက လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟုဆိုသည်။

 

အဆိုပါဗုံးကြဲတိုက်ခိုက်မှုကြောင့် သီတင်းကျွတ်လပြည့်ညတွင် ပြည်သူများ ဘုရားမီးပူဇော်နိုင်ခြင်းမရှိဘဲ ဗုံးခိုကျင်းအတွင်း ညလုံးပေါက်ပုန်းခိုခဲ့ရသည်။

 

လေယာဉ်ဖြင့်ဗုံးကြဲမှုတွင် နောင်ချိုမြို့အဝင် စစ်ဆေးရေးဂိတ်၊ ထွေအုပ်ရုံးအနီးရှိအဆောက်အဦးများ၊ မြို့မရဲစခန်းအနီးရှိ အဆောက်အဦးများထိခိုက်ပျက်စီးမှုများပြားခဲ့ပြီး လူထိခိုက်မှုရှိနိုင်ကြောင်း သတင်းရရှိသည်။