နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

သီတင်းကျွတ်လပြည့်နေ့ မရှောင် နမ္မတူနဲ့ သီပေါကို စစ်တပ်ဗုံးကြဲ

သီတင်းကျွတ်လပြည့်နေ့ မရှောင် နမ္မတူနဲ့ သီပေါကို စစ်တပ်ဗုံးကြဲ

Hsan Loi Editor
09/10/2025
Share:
သီတင်းကျွတ်လပြည့်နေ့ ဥပုသ်နေ့တောင်မရှောင်ဘဲ သျှမ်းပြည်မြောက်ပိုင်း၊ သီပေါနဲ့ နမ္မတူမြို့ထဲကို စစ်ကော်မရှင်တပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
No photo description available.
ယနေ့ အောက်တိုဘာလ ၆ ရက် နံနက် ၇ နာရီ ၄၃ မိနစ်အချိန်က နမ္မမြို့ ရှိ ပန်ဟိုက် ရပ်ကွက် ၂ ကို စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးလာရောက်ကြဲချပြီး နေအိမ် ၆ လုံး ဗုံးစထိမှန် ပျက်စီးသွားခဲ့ တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်မရှင်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နမ္မတူ ပြည်သူအချို့ ထိခိုက်မှုရှိတယ်လို့လည်း သိရပါတယ်။
No photo description available.
အလားတူ စစ်ကော်မရှင်တပ်က နမ္မတူမြို့ကို ဗုံးကြဲတိုက်ခိုက်ပြီး ၆ မိနစ်အကြာ သီပေါမြို့ကိုလည်း ဗုံးကြဲတာကြောင့် ဆက်သွယ်ရေးဘက် ကျရောက် ပေါက်ကွဲတယ်လို့ သိရပြီး ထိခိုက်ပျက်စီးမှု အသေးစိတ်ကိုတော့ Hsan Loi Voice အနေနဲ့ ဆက်လက်စုံစမ်းနေပါတယ်။
No photo description available.
ပြီးခဲ့တဲ့ အောက်တိုဘာလ(၂)ရက်နေ့ကလည်း နမ္မတူမြို့ကို စစ်တပ်က ဗုံးကြဲချတိုက်ခိုက်တာကြောင့် ပြည်သူ ၄ ဦး သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။