၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၂၄) ရက်နေ့ ညပိုင်းက သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးခရိုင်၊ သိန္နီမြို့နယ် နမ့်စလပ်ကျေးရွာအုပ်စု သိန္နီ-ကွမ်းလုံ လမ်းမကြီး မိုင်တိုင်အမှတ် (၁၆/၇) အနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး ကားမီးလောင်မှုကြောင့် အမျိုးသမီးတစ်ဦး အသက်ဆုံးရှုံးခဲ့ကြောင်း သတင်းရရှိသည်။
ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါသူ အမျိုးသား (၂) ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သိန္နီမြို့နယ် ပြည်သူ့ဆေးရုံသို့ ဆေးကုသမှု ခံယူလျက်ရှိသည်။ အဆိုပါ ကားမီးလောင်မှုကို သိန္နီမြို့နယ် မီးသတ်အဖွဲ့မှ မီးငြိမ်းသတ်ပေးခဲ့သည်ဟု ဆိုသည်။