သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

သမ္မတ ဦးဝင်းမြင့် ကျန်းမာစွာနဲ့ မိသားစုပြန်လည်ဆုံဆည်းရတာကို NUCC ကြိုဆို

သမ္မတ ဦးဝင်းမြင့် ကျန်းမာစွာနဲ့ မိသားစုပြန်လည်ဆုံဆည်းရတာကို NUCC ကြိုဆို

Hsan Loi Editor
19/04/2026
Share:
စစ်အုပ်စုက ဧပြီလ ၁၇ ရက်နေ့မှာ ပြန်လည်လွှတ်ပေးခဲ့တဲ့ သမ္မတ ဦးဝင်းမြင့် အား အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က ကြိုဆိုနှုတ်ခွန်းဆက် သဝဏ်လွှာပေးပို့လိုက် ပါတယ်။
သမ္မတ ဦးဝင်းမြင့် အနေဖြင့် ကျန်းမာစွာ မိသားစုနဲ့ ပြန်လည်ဆုံးဆည်းရတာကို ပြည်သူနဲ့အတူ ထပ်တူများစွာ ဝမ်းမြောက်ရတယ်လို့ NUCC ရဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် က ပြည်သူလူထုမှ ဒီမိုကရေစီ နည်းလမ်းကျ အပ်နှင်းထားတဲ့ နိုင်ငံတော် သမ္မတ တာဝန်ထမ်းဆောင်နေစဉ် အကြမ်းဖက် စစ်အုပ်စုရဲ့ ၎င်းတို့ကိုယ်တိုင် ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်ကာ နိုင်ငံတော်ပုန်ကန်မှု ကျူးလွန်ပြီး မတရားဖမ်းဆီး ချုပ်နှောင်မှုကို ခံခဲ့ရတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့တကွ ကျန်ရှိနေတဲ့ နိုင်ငံရေး အကျဥ်းသားများ အားလုံး လွတ်မြောက်ဖို့အတွက် NUCC အနေနဲ့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ဆိုပါတယ်။
May be an illustration of newspaper, poster and magazineင်ငံတော် သမ္မတ ဦးဝင်းမြင့် ကို မြန်မာနိုင်ငံရဲ့ သမ္မတဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံ ကောင်စီက တရားဝင် ဆက်လက်အသိအမှတ်ပြု ထားဆဲဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
NUCC အနေနဲ့ စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင် စနစ်မှန်သမျှ ပပျောက်ရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး တို့အတွက် ပြည်သူတရပ်လုံး၊ တော်လှန်ရေး အင်အားစု အားလုံးနှင့် အတူလက်တွဲပြီး နွေဦးတော်လှန်ရေး အောင်ပွဲရတဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ အသိပေးဖော်ပြထားပါတယ်။
သမ္မတ ဦးဝင်းမြင့် ဟာ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် နံနက်အစောပိုင်း ကတည်းက ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး အဂတိအမှု ၄ မှုအပြင် ပုဒ်မ ၁၃၀−က တို့နဲ့ စုစုပေါင်း ထောင်ဒဏ် ၉ နှစ်နှင့် ၆ လ ကျခံရတာဖြစ်ပြီး ယခု ကျန်ရှိတဲ့ ပြစ်ဒဏ်တွေကို လျော့ပေါ့ပေးပြီး လွတ်ငြိမ်း ချမ်းသာခွင့်ပေးခဲ့ခြင်းဖြစ်ကြောင်း စစ်အုပ်စုက ယမန်နေ့က ထုတ်ပြန်ကြေညာပါတယ်။