သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

သမ္မတလုပ်ချင်လို့ အာဏာသိမ်းလိုက်တဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရွေးတုလွှတ်တော် က တင်မြောက်တဲ့ သမ္မတ ဖြစ်လာ

သမ္မတလုပ်ချင်လို့ အာဏာသိမ်းလိုက်တဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရွေးတုလွှတ်တော် က တင်မြောက်တဲ့ သမ္မတ ဖြစ်လာ

Hsan Loi Editor
03/04/2026
Share:
ယနေ့ ဧပြီလ ၃ ရက်နေ့မှာ ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ သမ္မတ လောင်း သုံးဦးထဲမှ သမ္မတ၊ ဒုသမ္မတ (၁)၊ဒုသမ္မတ (၂) တို့ကို ရွေးချယ်တင်မြှောက်ရာမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် က မဲအရေအတွက် (၄၂၉ ) မဲနဲ့ အနိုင်ရကာ သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခံရတယ်လို့ သိရပါတယ်။
သမ္မတလုပ်ချင်လို့ အာဏာသိမ်းလိုက်တဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟာ ရွေးကောက်ပွဲဝင်မပြိုင်ဘဲ ကြံ့ခိုင်ရေးပါတီက လွှတ်တော်ကိုယ်စားလှယ် အများဆုံးရှိတဲ့ ပြည်သူ့လွှတ် တော်က ရွေးချယ်တင်မြောက်လိုက်လို့ သမ္မတဖြစ်လာခဲ့တာပါ။
ပြည်ထောင်စု လွှတ်တော်မှာ မဲပေးခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် ၅၈၆ ဦး ရှိရာမှာ (၂) ဦး ပျက်ကွက်ခဲ့ပြီး လွှတ်တော် အစည်းအဝေးခန်းမအတွင်း လျို့ဝှက် မဲစနစ်နဲ့ ရွေးချယ်ရာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် (၄၂၉)မဲ ၊ ဗိုလ်ချုပ်ကြီးဟောင်း ညိုစော (၁၂၆)မဲ ၊ ဒေါ်နန်းနီနီအေး (၂၉)မဲ ရရှိခဲ့ပါတယ်။
ဒါ့ကြောင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် က သမ္မတ၊ ညိုစော က ဒုသမ္မတ (၁)နဲ့ နန်းနီနီအေး မှ ဒုသမ္မတ (၂) တို့ အသီးသီး ဖြစ်လာခဲ့ကြပါတယ်။