သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

သပြေညိုသတင်းစာမျက်နှာ သတင်းထောက်အချို့ ဖမ်းဆီးခံထားရဟုဆို

သပြေညိုသတင်းစာမျက်နှာ သတင်းထောက်အချို့ ဖမ်းဆီးခံထားရဟုဆို

Hsan Loi Editor
30/06/2023
Share:

 

မန္တလေးမြို့နယ်တဝိုက် မော်တော်ပီကယ်၊ ရဲများ၊ စစ်ကောင်စီလှုပ်ရှားမှု သတင်းတင်ဆက်ပေးနေသော သပြေညိုသတင်းလွှာ သတင်းထောက်အချို့ အဖမ်းဆီးခံထားရဟု သတင်းများထွက်ပေါ်နေပါသည်။

သပြေညိုသတင်းစာမျက်နှာလည်း ယနေ့ကစပြီး မြင်တွေ့ရခြင်းမရှိတော့ပါ။

စစ်ကောင်စီနှင့်နီးစပ်သောသတင်းအရင်းအမြှစ်များအရ သဲနုဆွေ ၂၂ နှစ် (ဘ) ဦးဝင်းရွှေနှင့် အေးသုခ ၂၇ နှစ် (ဘ) ဦးဝင်းရွှေ တို့ ၂ ဦးသည် အဆိုပါစာမျက်နှာမှတဆင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအတွက် အလှူငွေများကောက်ခံပေးသူများဖြစ်ကြောင်း ဖော်ပြထားသည်။

သတင်းပေးပို့သူ နွယ်ဝါအောင် ၄၅ နှစ် (ဘ) ဦးအောင်စိုး၊ ဇင်မာဦး ၄၁ နှစ် (ဘ) ဦးမောင်အေး၊ အောင်သူရိန် (ခ) အောင်သင်း ၄၃ နှစ် (ဘ) ဦးသန်းငြိမ်း၊ သာထက်ကျော် ၂၉ နှစ် (ဘ) ဦးထွန်းအောင်ကျော် ၄ ဦးတို့ကိုပါ ဖမ်းဆီးထားသည်ဟု ဆိုသည်။

သပြေညိုသတင်းလွှာ ကိုင်တွယ်စီမံသူများပါ ဖမ်းခံရခြင်းမရှိကြောင်း PDF စာမျက်နှာတချို့က ငြင်းဆိုလျက် တွေ့ရပါသည်။