သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

သန်းခေါင်ယံချိန်မှာ ကွတ်ခိုင်မြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲမှုကြောင့် လသားကလေးအပါအဝင် (၃)ဦးသေဆုံး

သန်းခေါင်ယံချိန်မှာ ကွတ်ခိုင်မြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲမှုကြောင့် လသားကလေးအပါအဝင် (၃)ဦးသေဆုံး

Hsan Loi Editor
18/11/2024
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ကို ယမန်နေ့ နိုဝင်ဘာလ(၁၇)ရက် ညသန်းခေါင်းယံချိန်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် လသားကလေး အပါအဝင် ပြည်သူ(၃)ဦး သေဆုံးကြောင်း သိရသည်။

 

ဗုံးကြဲမှုကြောင့် ကွတ်ခိုင်မြို့ရှိ ရပ်ကွက်(၃)နှင့် ရပ်ကွက်(၄)အစပ်၊ မုံး၀န်းခန်းမကြီးနှင့် KK တည်းခိုခန်းလမ်းကြား တရုတ်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်း ဘေးမှာ ကျရောက်ပေါက်ကွဲတာ ဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်ထံမှ သိရသည်။

 

” ည(၁၁း၄၀)နာရီခန့်မှာ တရုတ်နှစ်ခြင်းဘုရားကျောင်းဘေးမှာရှိတဲ့ လူနေအိမ်တွေပေါ် ဗုံးနဲ့လာကြဲသွားတာ၊ မိသားစု ၃ယောက် ဆုံးသွားတယ်၊ ဒဏ်ရာရတဲ့သူကတော့ ၆ ယောက်လောက်ရှိမယ်၊ အတိအကျတော့ မသိဘူး” လို့ ကွတ်ခိုင်ဒေသခံတစ်ဦးထံမှ သိရသည်။

 

မိတ္ထီလာ ရှမ်းတဲလေတပ်မှ MiG-29 Fighter Jet(၁)စီးသည် နိုဝင်ဘာလ(၁၇) ည(၁၁း၁၈)နာရီမှာ အရှေ့မြောက်အရပ်သို့ ပျံတက်သွားကြောင်း နိုင်ငံတလွှားလေကြောင်းကင်းထောက် NAS-နပ်စ် က ထုတ်ပြန်ထားပြီး မကြာခင် ကွတ်ခိုင်မှာ ဗုံးကြဲခံရတာဖြစ်ပါသည်။