နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

သတင်းပေးတိုင်တန်းမှုကြောင့် အင်းလေး PDF ရဲဘော်(၂)ဦးဖမ်းဆီးခံရ

သတင်းပေးတိုင်တန်းမှုကြောင့် အင်းလေး PDF ရဲဘော်(၂)ဦးဖမ်းဆီးခံရ

Hsan Loi Editor
09/06/2026
Share:

သျှမ်းပြည်တောင်ပိုင်း ၊အင်းလေးဒေသ၊ ရွာမကျေး ရွာမှာ(IPDF)အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော် (၂)ဦးကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို ဇွန်လ (၈)ရက် ကအင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ(IPDF)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

စစ်ကောင်စီရဲ့ ဖမ်းဆီးခံရသူတွေဟာ (IPDF)အမှတ် (၁၀၀၉)တပ်ရင်းက ရဲဘော် အငယ်ကောင်(ခ)ကျော်ဖြိုးလင်းနဲ့ ရဲဘော် AD(ခ)ကောင်းစည်သူတို့ဖြစ်တယ်လို့ ဆိုပါတယ်။

အခုလိုဖမ်းဆီးတာဟာ ရွာမရွာရဲ့ အုပ်ချုပ်ရေးမှူးဟောင်း သားကြီး(ခ)အောင်နိုင်ဦးဆိုသူရဲ့ တိကျတဲ့ သတင်းပေးတိုင်တန်းတာကြောင့်ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

စစ်ကောင်စီဟာ ကွင်းဆက် လိုက်လံဖမ်းဆီးဖို အပြင်းအထန် ကြိုးပမ်းနေကာ အုပ်ကြီးဟောင်းနဲ့ အင်းလေးပျူ ဖိုးသာထူးတို့ကို လက်နက်ချပွဲလုပ်နိုင်ရင် သိန်း(၁၀၀၀)ပေးမယ်လို့ မက်လုံးပေးဆွဲဆောင် ထားတယ်လ်ို့သိရပါတယ် ။

ဒါ့ကြောင့် ဖမ်းဆီးခံရတဲ့ ရဲဘော်တွေနဲ့ ပတ်သက်ဆက်နွယ်သူတွေ၊ ကျေးရွာတွေက တာဝန်ခံတွေနဲ့ ရဲဘော်တွေ ဘေးလွတ်ရာ အရေးပေါ် ချက်ချင်းရှောင်ရှားကြဖို့အသိပေး နှိးဆော်ထားပါတယ်။


ဒါ့အပြင် ပြည်သူတွေအနေနဲ့လဲ သတိရှိကြဖိုနဲ့ စစ်ကောင်စီသတင်းပေးတွေနဲ့ ဒလန်တွေရဲ့ လုပ်ရပ်တွေကို IPDF တပ်ဖွဲအနေနဲ့ ပြင်းထန်စွာ တုံပြန် အရေးယူသွားမယ်လို သတိပေးထားချက်အရ သိရပါတယ်။