သျှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့အထွက် ပန်စဝ်မိန်းကျေးရွာ သန့်သန့်လေးစက်သုံးဆီဆိုင်အနီးပြည်ထောင်စုလမ်းမကြီးပေါ်တွင် ယနေ့ (၁၆.၄.၂၀၂၄) ရက်နေ့ သင်္ကြန်အတက်နေ့၌ ကားနှင့်ဆိုင်ကယ် မတော်တဆ တိုက်မိခဲ့ကြောင်း သိရသည်။
အဆိုပါယာဉ်မတော်တဆမှုကြောင့် အမျိုးသမီးတစ်ဦး အသက်ဆုံးရှုံးခဲ့ရပြီး မိန်းကလေးငယ်တစ်ဦးနှင့် အမျိုးသားတစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။
သီပေါမြို့နယ် နယ်စည်းမခြားပရဟိတအသင်းက ဒဏ်ရာရရှိသူများအား ခေါ်ဆောင်ပြီး သီပေါမြို့နယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့သည်ဟုဆိုသည်။