သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ

သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ

Hsan Loi Editor
22/03/2026
Share:
အစိုးရ ရုံးပိတ်ရက်ရှည်ဖြစ်သည့် သင်္ကြန်ကာလတွင်စက် သုံးဆီပြတ်လပ် နိုင်ကြောင်း ပြည်တွင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာသည်ဟု ကားလက်မှတ်ဝယ်ယူသူများပြောသည်။
” ခါတိုင်း နှစ်တွေလိုပါပဲ သင်္ကြန်အိမ်ပြန်ဖို့ ကားလက်မှတ်ဖြတ်တာ ဂိတ်ကပြောလာတယ် ကြိုဖြတ်ထားတဲ့ကားလက်မှတ်တွေ အတွက် ကားထွက်ဖြစ် /မထွက်ဖြစ် အာမမခံဘူးတဲ့ ဆီပြတ်လို့ ကားမထွကမဖြစ်ရင် ကားလက်မှတ်ဖိုးတော့ပြန်ပေးတယ်လို့ ပြောလာတယ် – ဟု ယနေ့ လက်မှတ်ဝယ်ယူသူတစ် ဦးကပြောသည်။
သျှမ်းပြည်နယ်အတွင်းကားခ နှင့် ခရီးသွားလာခစရိတ်များ သည် စက်သုံးဆီစျေးနှုန်းမြင့်တက်ခြင်းနှင့် လမ်းပန်း ဆက်သွယ်ရေး အခြေအနေများကြောင့် ယခုနှစ် မတ်လအတွင်း သိသိသာသာ မြင့်တက်လာသည်။
ကားခ ၊ စက်လှေခများအပြင် ရန်ကုန် – ဟဲဟိုး (တောင်ကြီး) လေယာဉ်လက်မှတ်ခများမှာ လည်း ယခုအခါ ၁၃၀ ဒေါ်လာ (သို့မဟုတ်) ၅ သိန်းကျပ် ကျော်အထိ ရှိနေပြီး ပြည်တွင်း လေကြောင်းလိုင်းအချို့လည်း ဖျက်သိမ်းထားကြောင်း သိရသည်။
အရှေ့အလယ်ပိုင်းပဋိပက္ခများကြောင့် ကမ္ဘာ့ဆီဈေးတက်လာပြီး ပြည်တွင်း၌လည်း အောက်တိန်းနှင့် ဒီဇယ်ဈေးများ မြင့်တက်နေခြင်း။ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းလာခြင်းကြောင့် ယာဉ်အပို ပစ္စည်းများနှင့် ပြုပြင်ထိန်းသိမ်းစရိတ်များ မြင့်မားလာခြင်း၊ ကုန်ပစ္စည်း သယ်ယူပို့ဆောင်ခမြင့်တက်လာခြင်း များလည်း ဖြစ်ပေါ်နေသည်။
Photo-credit