တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

လွှဲမှားသည့်အတွေးအခေါ်နှင့် လုပ်ဆောင်ချက်များကြောင့် ကာလကြာရှည် ကြိုးစားရယူခဲ့တဲ့ လွတ်လပ်ရေးဟာ တစ်ခဏအတွင်း လက်လွှတ်ဆုံးရှုံးရနိုင်တာကို သတိမူရမယ်လို့ဆို

လွှဲမှားသည့်အတွေးအခေါ်နှင့် လုပ်ဆောင်ချက်များကြောင့် ကာလကြာရှည် ကြိုးစားရယူခဲ့တဲ့ လွတ်လပ်ရေးဟာ တစ်ခဏအတွင်း လက်လွှတ်ဆုံးရှုံးရနိုင်တာကို သတိမူရမယ်လို့ဆို

Hsan Loi Editor
05/01/2026
Share:
ကာလကြာရှည်စွာ ကြိုးစားရယူခဲ့ရတဲ့ လွတ်လပ်ရေးဟာ လွဲမှားသည့် အတွေးအခေါ်၊ အယူအဆနှင့် လုပ်ဆောင်ချက်တွေကြောင့် တစ်ခဏအတွင်း လက်လွှတ်ဆုံးရှုံးရနိုင်သည်ကို ယခုအချိန်ကာလမျိုးမှာ သတိမူရမယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရဲ့ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားသို့ ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် နယ်ချဲ့တို့ရဲ့ သွေးခွဲအုပ်ချုပ်မှုကြောင့် ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်လမ်းစဥ် ချုပ်ငြိမ်းစေရန် ခေတ်
အဆက်ဆက်အစိုးရများက နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး လူမျိုးစွဲ၊ ဝါဒစွဲ၊ အတ္တစွဲ နှင့် ကိုယ်ကျိုးစီးပွား ရှေ့တန်းတင်မှုတို့ကြောင့် နိုင်ငံတော်မှာ လက်နက်ကိုင်ပဋိပက္ခများ၊ အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် နိုင်ငံပိုင် အခြေခံအဆောင်အအုံများနဲ့ ပြည်သူများရဲ့ အသက်အိုးအိမ် ပျက်စီး ဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
လက်နက်စွဲကိုင်ပြီး မဖြစ်သင့်မဖြစ်ထိုက်တာများ တောင်းဆိုးပြီး မိမိတို့၏ ဆန္ဒကိုသာ ရှေ့တန်းတင် ဦးစားပေးဆောင်ရွက်နေမှုသည် ပြည်သူလူထုကို ဆင်းရဲတွင်း နက်စေရန် ဆောင်ရွက်နေခြင်းသာ ဖြစ်တယ်လို့ သဝဏ်လွှာမှာဖော်ပြထားပါတယ်။
ဒါကြောင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက လွတ်လပ်ရေးကြီး အတွန့်ရှည်ကြာ တည်တံ့ခိုင်မြဲစေရန် အလိုအပ်ဆုံးနဲ့ အဖြစ်သင့်ဆုံးဖြစ်တဲ့ ဒို့တာဝန်အရေး ၃ ပါးကို အမျိုးသားရေးရည်မှန်းချက်၊ အမျိုးသား ရေးတာဝန်အဖြစ် လေးနက်စွာခံယူပြီး အစဥ်တစိုက် ထိန်းသိမ်းစောင့်ရှောက်သွားဖို့ စစ်ခေါင်းဆောင် က တိုက်တွန်းထားပါတယ်။
ယနေ့အချိန်အခါမှာ မိမိတို့နိုင်ငံရဲ့ ပကတိလိုအပ်ချက်သည် လက်နက်ကိုင်လမ်းစဥ်ချုပ်ငြိမ်းပြီး နိုင်ငံတစ်ဝန်း ထာဝရငြိမ်းချမ်းရေးပင်ဖြစ်ပြီး ပြည်ထောင်စုကြီးအတွင်း အယူအဆလွဲမှားမှုများကြောင့် ငြိမ်းချမ်းရေးကို ထိခိုက်ပျက်စီးစေသဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေး လုပ်ငန်းစဥ်များမှာ ပတ်သက် ဆက်နွယ်သူများအားလုံး က အပြုသဘောဖြင့် ပါဝင်ရန် လိုအပ်တယ်လို့ ဆိုပါတယ်။
ထာဝရငြိမ်းချမ်းရေးအတွက် NCA ပါ ကတိကဝတ်များအတိုင်း လေးစားလိုက်နာပြီး သက်ဆိုင်သူများ အားလုံး ပူးပေါင်းဆောင်ရွက်ကြရမှာဖြစ်ပြီး ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီတဲ့ ဖွံ့ဖြိုးတိုးတက်မှု များကို ဖော်ဆောင်နိုင်ဖို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးကို ဦးတည် ကြိုးပမ်းဆောင်ရွက်ကြပါရန် စစ်ခေါင်းဆောင်က လွတ်လပ်ရေးနေ့မှာ ပေးပို့တဲ့ သဝဏ်လွှာမှာ တိုက်တွန်းထားပါတယ်။