ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး

လွှတ်တော်က မဲရလဒ်အသာနဲ့ BJT ပါတီခေါင်းဆောင် အနုတင် ထိုင်းနိုင်ငံရဲ့ ၃၃ ယောက်မြောက် ဝန်ကြီးချုပ်ဖြစ်လာ

လွှတ်တော်က မဲရလဒ်အသာနဲ့ BJT ပါတီခေါင်းဆောင် အနုတင် ထိုင်းနိုင်ငံရဲ့ ၃၃ ယောက်မြောက် ဝန်ကြီးချုပ်ဖြစ်လာ

Hsan Loi Editor
20/03/2026
Share:
ဒီကနေ့ မတ်လ ၁၉ ရက်မှာ ကျင်းပတဲ့ ထိုင်းနိုင်ငံရဲ့ အောက်လွှတ်တော်အစည်းအဝေးမှာ ပြုလုပ်တဲ့ ဝန်ကြီးချုပ် ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ မဲခွဲဆုံးဖြတ်ရာမှာ ဘုမ်ဂျိုင်ထိုင်းပါတီ ခေါင်းဆောင် အနူတင် ချန်ဝီရာကူးလ် က လွှတ်တော်ရဲ့ ထောက်ခံမဲ အပြတ်အသတ်နဲ့ ဝန်ကြီးချုပ်အဖြစ် နောက်တစ်ကြိမ် ပြန်လည်ရွေးချယ်တင်မြောက်ခံခဲ့ရပါတယ်။
ယနေ့ ဒေသစံတော်ချိန် မွန်းလွဲပိုင်းက ပြုလုပ်ခဲ့တဲ့ Roll-call vote အရ အနုတင် ဟာ ထောက်ခံမဲ ၂၉၃ မဲ ရရှိခဲ့ပြီး သူနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ပြည်သူ့ပါတီ (People’s Party) ခေါင်းဆောင် နတ်သဖုန်း (Natthaphong Ruengpanyawut) က ထောက်ခံမဲ ၁၁၉ မဲသာ ရရှိခဲ့ကာ ကြားနေမဲ ၈၆ မဲ ရှိတယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၈ ရက်က ကျင်းပတဲ့ ရွေးကောက်ပွဲမှာ ဘုမ်ဂျိုင်ထိုင်းပါတီက အပြတ်အသတ် အနိုင်ရရှိခဲ့ပြီး အနုတင် ဟာ မဟာမိတ်ပါတီတွေရဲ့ ထောက်ခံမှုနဲ့ အစိုးရသစ်ဖွဲ့စည်းရန် အခွင့်အရေး ရရှိခဲ့တာဖြစ်ပြီး သူ့ကို ဝန်ကြီးချုပ်အဖြစ် အတည်ပြုနိုင်ဖို့ လိုအပ်တဲ့ မဲအရေအတွက် ၂၅၁ မဲထက် ကျော်လွန်ကာ ၂၉၃ မဲဖြင့် အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
အနူတင်က သူ့ကို မဲပေးကြတဲ့ လွတ်တော်အမတ်တွေကို ကျေးဇူးတင်ကြောင်း ပြောသလို သူဦးဆောင်ဖွဲ့မယ့် အစိုးရအဖွဲ့ဟာလည်း နိုင်ငံတော်နဲ့ ပြည်သူတွေရဲ့ အကျိုးစီးပွားကို ရှေးရှုပြီး လျင်မြန်ထိရောက်တဲ့ အုပ်ချုပ်ရေးစနစ်နဲ့ ရှေ့ဆက်သွားမယ်လို့ ဆိုပါတယ်။
Photo – Credit to owner