ဘီလူးချောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ ထွက်ရှိသည့် လျှပ်စစ်ဓာတ်အား ၁၃၂ ကေဗွီ ဘီလူးချောင်း(၂)- တီကျစ်နှစ်ထပ်ဓာတ်အားလိုင်း၏ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်အတွင်းရှိ တာဝါ တိုင် (၁) တိုင် ယမန်နေ့က ဖောက်ခွဲခံခဲ့ရကြောင်း စစ်ကောင်စီဘက်က ရေးသားဖော်ပြထားပါသည်။
အဆိုပါ ဓာတ်အားလိုင်းမှာ စုစုပေါင်း (၈) ကြိမ် ဖောက်ခွဲခံရပြီး တာဝါတိုင်ပေါင်း (၂၃) တိုင် ပျက်ဆီးသွားခဲ့ပြီဖြစ်ကြောင်း သိရပါသည်။