တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကျဉ်းသား ၆၀၀၀ ကျော်ကို စစ်အုပ်စုက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေး ထိုအထဲမှ နိုင်ငံခြားသား အကျဥ်းသား/သူ ၅၂ ဦးပါဝင်

လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကျဉ်းသား ၆၀၀၀ ကျော်ကို စစ်အုပ်စုက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေး ထိုအထဲမှ နိုင်ငံခြားသား အကျဥ်းသား/သူ ၅၂ ဦးပါဝင်

Hsan Loi Editor
05/01/2026
Share:
တည်ဆဲဥပဒေတခုခုနဲ့ ပြစ်မှုကျူးလွန်ပြီး ပြစ်ဒဏ်ချမှတ်ခံရတဲ့ အကျဥ်းသားတွေကို ပြစ်ဒဏ်၏ ၆ ပုံ ၁ ပုံကို လွတ်ငြိမ်းသက်သာခွင့်ပြု
စစ်အုပ်စုက ဒီကနေ့ ဇန်နဝါရီ ၄ ရက်မှာ ကျရောက်တဲ့ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဆိုပြီး နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးမှာ ပြစ်ဒဏ် ကျခံနေရတဲ့ အကျဉ်းသား/သူ ၆၁၃၄ ဦးနဲ့ နိုင်ငံခြားသား အကျဉ်းသား/သူ ၅၂ ဦးတို့ကို ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပေးလိုက်တယ်လို့ စစ်ကော်မရှင်က ယနေ့မှာ ထုတ်ပြန်ကြေညာပါတယ်။
ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်း ပြစ်ဒဏ်အပြင် ယခုကျခံဖို့ ကျန်ရှိတဲ့ ပြစ်ဒဏ်တွေကိုပါ ဆက်လက် ကျခံရမယ်ဆိုတဲ့ စည်းကမ်း သတ်မှတ်ချက်နဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုလိုက်တာဖြစ်ပြီး နိုင်ငံခြားသား အကျဥ်းသား/သူ ၅၂ ဦးကို လည်း ပြည်နှင်ဒဏ်ပေးလိုက်တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် တည်ဆဲဥပဒေတစ်ရပ်ရပ်နဲ့ ပြစ်မှုကျူးလွန်ပြီး ပြစ်ဒဏ်ချမှတ်ခံရတဲ့ အကျဥ်းသားတွေကို သူတို့ ကျခံရန် ကျန်ရှိတဲ့ ပြစ်ဒဏ်ရဲ့ ၆ ပုံ ၁ ပုံကို လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်တယ်လို့ ဆိုထားပြီး အကျဥ်းသားအရေအတွက်ကိုတော့ ဖော်ပြမထားပါဘူး။
လွတ်ငြိမ်းသက်သာခွင့် ရရှိသူတွေထဲမှာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၄ ရက် မတိုင်မီ လူသတ်မှု၊ မုဒိမ်းမှု၊ ပေါက်ကွဲ စေတတ်တဲ့ ဝတ္ထုပစ္စည်းများ အက်ဥပဒေအရ ပြစ်မှုများ၊ မတရားအသင်းများအက်ဥပဒေအရ ပြစ်မှုများ၊ ၁၈၇၈ ခုနှစ် လက်နက်များ အက်ဥပဒေအရ ပြစ်မှုများ၊ ၁၉၄၉ ခုနှစ် လက်နက်ဥပဒေအရ ပြစ်မှုများ၊ ၁၉၂၄ ခုနှစ် ရှမ်းပြည်နယ်လက်နက်အမိန့်အရ ပြစ်မှုများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေအရ ပြစ်မှုများ၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေအရ ပြစ်မှုများ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ ပြစ်မှုများနဲ့ အဂတိလိုက် စားမှု တိုက်ဖျက်ရေး ဥပဒေအရ ပြစ်မှုများမှ အပ တည်ဆဲဥပဒေတစ်ရပ်ရပ်နဲ့ ပြစ်မှုကျုးလွန်းပြီး ပြစ်ဒဏ်ကျခံနေရသူတွေ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။