ယမန်နေ့ည အောက်တိုဘာလ ၂၈ ရက် ည ၇ နာရီဝန်းကျင်ခန့်တွင် သျှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ် ဟိုဖိုင်ကျေးရွာ၌ အမျိုးသားတဦးကို သေနတ်ဖြင့် လာရောက်ပစ်ခတ်သွားကြောင်း သတင်းရရှိသည်။
“အချင်းချင်း ပေးစရာရှိတဲ့ကိစ္စကနေ သေနတ်နဲ့ လာပစ်လို့ သေသွားတယ်လို့ကြားပါတယ်။ သေသွားတဲ့သူကတော့ စိုင်းဖိုင်း အသက် ၃၀ ဝန်းကျင် သူ့အိမ်ထဲမှာပဲဆုံးသွားတာလို့ ကြားပါတယ်” ဟု အခင်းအကျင်းသိရှိသူ လဲချားမြို့ခံတဦးက ပြောပါသည်။
သေဆုံးသူတွင် အမျိုးသမီးနှင့် ကလေးကျန်ရစ်ခဲ့ကြောင်း သိရသည်။
အခင်းဖြစ်ပွားပြီးနောက် သေဆုံးသူ၏ရုပ်ခန္ဓာအား လဲချားဆေးရုံသို့ သယ်ဆောင်သွားကြကြောင်း သိရသည်။
သေဆုံးသွားသူ၏ မကွယ်လွန်ခင်ရုပ်ပုံ