ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် လေးကေ့ကော်မြို့သစ်အနီးရှိ စစ်ကောင်စီ၏ စွယ်တော်အမြောက် တပ်ကုန်းကို ယနေ့ စက်တင်ဘာလ(၁၇)ရက် နံနက်အစောပိုင်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် တော်လှန်ရေး ပူးပေါင်းတပ်က သိမ်းပိုက်ရရှိကြောင်း စုံစမ်းသိရသည်။
ပြီးခဲ့သည့် ဩဂုတ်လက စတင်တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့သော စစ်ကောင်စီ၏ စွယ်တော်အမြှောက်ကုန်းကို တော်လှန်ရေးပူးပေါင်းတပ်များက (၂)လနီးပါး တိုက်ခိုက်ခဲ့ပြီး ယနေ့မှာ စစ်ကောင်စီ၏ လက်ကျန်စခန်းအား သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
ယခုသိမ်းပိုက်ရရှိသော လေးကေ့ကော်မြို့သစ်အနီးရှိ အဆိုပါ စွယ်တော်ကုန်းသည် စစ်ကောင်စီ၏ တပ်မ (၄၄)မှ ဗျူဟာမှူးအဆင့် အထိုင်ချသောနေရာဖြစ်ကြောင်း သိရသည်။
