ပြီးခဲ့တဲ့ ဇန်နဝါရီ(၈)ရက်က တောမီးလောင်မှုမှတဆင့် အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိစ်ကောင်တီ သို့ တောမီးများ အရှိန်အဟုန် ကူးစက်ပျံ့နှံ့ပြီး အဆောက်အဦးပေါင်း (၁၀၀၀၀)ကျော် မီးလောင်ပျက်စီးကာ ဆုံးရှုံးမှုတန်ဖိုး ဒေါ်လာ ၁၅၀ ဘီလီယံကျော်အထိ ရှိနိုင်တယ်လို့ သိရပါတယ်။
မကြာသေးမီက လော့စ်အိန်ဂျလိစ်ကောင်တီမှ မှုခင်းစစ်ဆေးရေးအရာရှိများက တောမီးကြောင့် သေဆုံးသူ(၁၀)ဦးကို အကြောင်းကြားစာ ရရှိထားပြီး သေဆုံးမှု အရေအတွက်က ဆက်ပြီးတိုးလာနိုင် တယ်လို့ သိရပါတယ်။
ယခုတောမီးလောင်မှုသည် အမေရိကန်သမိုင်းမှာ အဆိုးရွားဆုံးတောမီးလောင်မှုဖြစ်တယ်လို့ သိရပါတယ်။
