သျှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့ကို MNDAA က သိမ်းပိုက်ထားပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား ပြုလုပ်လျက်ရှိပြီး ယခုအခါ ဗမာလူမျိုးအများဆုံးနေထိုင်သော ပေါက်ဖုန်းလမ်းရှိ ဗမာတန်းဟု လူသိများသော အိမ်များအား (၃)ရက်အတွင်း ဖျက်ပေးရန် MNDAA က ပြောထားကြောင်း သိရသည်။
မြို့တွင်းလမ်းများအား ချဲ့ထွင်ရန်ဟုဆိုကာ ဖျက်ခိုင်းခြင်းဖြစ်ပြီး ပေါက်ဖုန်းလမ်းပေါ်တွင် အိမ်ခြေ(၆၃)အိမ်ရှိကြောင်း ဒေသသတင်းအရင်းအမြစ်များ၏ ဖော်ပြချက်အရ သိရသည်။
