သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

လူသားဟာ ဝက်သားနဲ့တူတယ်ဆိုတဲ့ အင်ဒိုနီးရှား ပါပူကျွန်းစုက ကိုရိုဝေ လူမျိုးစုများ 

လူသားဟာ ဝက်သားနဲ့တူတယ်ဆိုတဲ့ အင်ဒိုနီးရှား ပါပူကျွန်းစုက ကိုရိုဝေ လူမျိုးစုများ 

Hsan Loi Editor
25/07/2023
Share:

 

ကိုရိုဝေ လူမျိုးစုများသည် အင်ဒိုနီးရှားနိုင်ငံ အင်ဒိုနီးရှား တောင်ဘက်အရှေ့ပိုင်း ပါပူးကျွန်း၊ တောင်ပိုင်းနှင့် ကုန်းအမြင့်ပိုင်း၌ နေထိုင်ကြသည်ဟု လေ့လာသူများက ရှာဖွေတွေ့ရှိခဲ့သည်။

 

ကျွန်းစုနေလူမျိုးများဖြစ်ပြီး ခန့်မှန်း လူဦးရေ ပမာဏ ၂၉၀၀ ခန့်သာ ရှိသည်ဟု လေ့လာသူများက မှတ်တမ်းတင်ထားသည်။

 

ကမ္ဘောလှည့်ခရီးသွားတဦးဖြစ်သူ ဒရူး ဘင်စကီ၏ ၂၀၂၃ ခုက သွားရောက်လေ့လာခဲ့သည့်မှတ်တမ်းအရ လူသားစားကြည့်တဲ့ အရသာ ဘယ်လိုနေလဲဟု ဘာသာပြန်ကတဆင့် မေးမြန်းရာ “ဝက်သားနဲ့တူတယ်” ဟု ဖြေကြားကြောင်း ပြောပါသည်။

 

အပျော်သဘောစားသောက်ခြင်းမျိုးမဟုတ်ပဲ ၎င်းတို့သတ်မှတ်ထားသည့် စည်းကမ်းချက်တခုခု ပစ္စည်းခိုးခြင်း၊ သူတပါးမယားအား ခိုးယူပေါင်းသင်းခြင်း စသည့် ရာဇဝတ်မှုတခုခု ကျုးလွန်ဖောက်ဖျက်ပါက သတ်ပြီး မီးကင်စားခံရမည်ဟုဆိုသည်။

 

မနုဿဗေသပညာရှင်များ၊ သတင်းစာဆရာများ၊ ဘာသာရေးဆရာများလေ့လာတွေ့ရှိချက်အရ ကိုရိုဝေ လူမျိုးစုများသည် ၎င်းတို့အပြင်လောကအသိုင်းအဝိုင်း၌ အခြားလူမျိုး သန်းပေါင်းမြောက်များစွာ ရှိနေခြင်းကို သိဟန်မရှိသေးကြောင်း ပြောပါသည်။

 

ကိုရိုဝေဘာသာစကားသည် အူးရူး ဒူးမွတ် အင်ဒိုနီးရှား တောင်အရှေ့ဖက်ခြမ်းဒေသ မျိုးနွယ်စုစကားမှ ဆင်းသက်လာသည်ဟုဆိုသည်။

 

အခြားဘေးအန္တရာယ်များမှ ကာကွယ်ရန် အလှမ်းဝေးသည့် တောကြီးထဲရှိ သစ်ပင်များပေါ်၌ အိမ်ဆောက်ပြီးနေကြသည့် လူမျိုးစုဖြစ်သည်။

 

၁၉၈၀ ခုနှစ်နှောင်းပိုင်းတွင် ကိုရိုဝေလူမျိုးစုအချို့က ပါပူမြစ်ကမ်းနှဘေးတလျှောက် ရာနီရူမကျေးရွာများဖက်သို့ ပြောင်းရွှေ့အခြေချခဲ့သည်။ အခြားကျေးရွာများလည်း ပေါ်ထွန်းလာပါသည် သို့သော် ဝေးလံခေါင်ဖျားသဖြင့် လူသူအရောက်အပေါက်နည်းနေပါသေးသည်။

 

ကိုရိုဝေလူမျိုးစုများနှင့် ဆက်စပ်သည့် မာမူနာလူမျိုးစုများကတော့ လူသားစားခြင်းကို မကြာသေးမီကပင် ရပ်နားလိုက်ကြသည်။

 

၎င်းတို့သည် ထန်းပင်များ ရရှိသော အစေ့များ သစ်ပင်များမှထွက်သော အသီးအစေ့များ၊ အမဲလိုက်ရာမှ ရရှိသော အသားနှင့် ငါးများကို စားသုံးကြသည်။

Photos: Mediadrumimages/GianlucaChiodini