သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

လူ‌ပျောက်တိုင်တန်းထားသော အသက် ၇၀ အရွယ်အ မျိုးသားတစ်ဦးညောင်ရွှေတွင် သေဆုံးလျှက်ပြန်လည်တွေ့ရှိ

လူ‌ပျောက်တိုင်တန်းထားသော အသက် ၇၀ အရွယ်အ မျိုးသားတစ်ဦးညောင်ရွှေတွင် သေဆုံးလျှက်ပြန်လည်တွေ့ရှိ

Hsan Loi Editor
02/05/2023
Share:

 

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကတောင်ကြီးမြို့နယ် ၊အေးသာယာတွင်နေ ထိုင်သည့် လူ‌ပျောက်တိုင်တန်းထားသော အသက် ၇၀ အရွယ်အမျိုးသားတစ်ဦးကို ညောင်ရွှေမြို့ နယ်၊ ကန်ဒေါင့်ရွာအနီးတွင် သေဆုံးလျှက်တွေ့ရှိခဲ့ကြောင်း သိရသည် ။

အေးသာယာမြို့အကွက်ကြီး(၇)၊ နယ်မြေ ၁၂ / ခ ရပ် ကွက် တွင်နေထိုင်သော အသက် ၇၀ နှစ်ရှိ ဦးကြည်အေး သည် ဧပြီ ၂၅ ရက်နေ့က နေအိမ်မှ ထွက်သွားခဲ့ပြီးနောက် ၄င်း၏ မိသားစုဝင်များနှင့်ရပ် ကွက်နေရင်းနှီးသူမိတ်ဆွေများမှလိုက်လံရှာဖွေခဲ့သော် လည်း မတွေ့ရှိသဖြင့် မိသားစုဝင်များက အေးသာယာရဲ စခန်းတွင်လူ​ပျောက်တိုင်တမ်းအမှုဖွင့်လှစ်ခဲ့ကြောင်းသိရသည် ။

ဦးကြည်အေးကို ဧပြီ ၂၉ ရက်နေ့က ညောင်ရွှေမြို့ နယ်၊ ကန်ဒေါင့်ရွာအနီးတွင် သေဆုံးလျှက်တွေ့ရှိခဲ့ပြီးဓမ္မတာအတိုင်းသေဆုံးချင်းဟုတ်မဟုတ်သက်ဆိုင်ရာနယ်မြေရဲစခန်းမှသေမှုသေခင်းဖြင့် အမှုဖွင့်ထားကြောင်း ဒေသတွင်းသတင်းရင်းမြစ်ထံမှ သိရှိရပါသည် ။