နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

လိုင်စင်မဲ့ယာဥ်များ စီးနင်းမှုကြောင့် နိုင်ငံတော် အခွန်အခများစွာ နစ်နာမှုရှိတာကြောင့် လိုင်စင်မဲ့ ကားနဲ့ ဆိုင်ကယ်များ စိစစ်ဖော်ထုတ် အရေးယူရန် စစ်ကောင်စီဥက္ကဋ္ဌ ညွှန်ကြား     ဖမ်းဆီးရမိတဲ့ လိုင်စင်မဲ့ကားများကို စစ်ကောင်စီရဲ့ ဝန်ထမ်းများကို ပြန်လည်ချပေး

လိုင်စင်မဲ့ယာဥ်များ စီးနင်းမှုကြောင့် နိုင်ငံတော် အခွန်အခများစွာ နစ်နာမှုရှိတာကြောင့် လိုင်စင်မဲ့ ကားနဲ့ ဆိုင်ကယ်များ စိစစ်ဖော်ထုတ် အရေးယူရန် စစ်ကောင်စီဥက္ကဋ္ဌ ညွှန်ကြား ဖမ်းဆီးရမိတဲ့ လိုင်စင်မဲ့ကားများကို စစ်ကောင်စီရဲ့ ဝန်ထမ်းများကို ပြန်လည်ချပေး

Hsan Loi Editor
21/05/2025
Share:

 

ပြည်တွင်းမှာ လိုင်စင်မဲ့ယာဥ်များ စီးနင်းမှုကြောင့် နိုင်ငံတော် အခွန်အခများစွာ နစ်နာမှုရှိတာကြောင့် လိုင်စင်မဲ့ ကားနဲ့ ဆိုင်ကယ်များ စီးနင်းနေမှုကို စိစစ်ဖော်ထုတ် အရေးယူရန် စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် က ညွှန်ကြားထားပါတယ်။

 

ယမန်နေ့ မေလ ၂၁ ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ စစ်ကောင်စီအစည်းအဝေး ဒုတိယနေ့မှာ စစ်ခေါင်းဆောင်က အထက်ပါအတိုင်း ပြောကြားခဲ့တာပါ။

 

တိုင်းဒေသကြီးနဲ့ ပြည်နယ်များအလိုက် လိုင်စင်မဲ့ မော်တော်ယာဥ်နဲ့ ဆိုင်ကယ်များစီးနင်းမှု မရှိစေရေး ဖော်ထုတ်သွားရန်လိုအပ်ပြီး မော်တော်ယာဉ် နံပါတ် ပြားအတုပြုလုပ်တာနဲ့ လိုင်စင်ပွားအတု ပြုလုပ် တာ တွေ့ရှိနေရတာကြောင့် ပါဝင်ပတ်သက်နေများအားလုံးကို စိစစ်ဖော်ထုတ် အရေးယူဆောင်ရွက်သွားရန် လိုအပ်တယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် က ပြောပါတယ်။

 

သျှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့မှာလည်း ပြီးခဲ့တဲ့ တန်ဆောင်တိုင်ကာလ က စတင်ကာ လိုင်စင်မဲ့ ကားများကို ရှောင်တခင် စစ်ဆေးဖမ်းဆီးတာလုပ်ဆောင်လာပြီး မတ်လနဲ့ ဧပြီလတွင် လိုင်စင်မဲ့ ကား ရာနဲ့ချီ ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။

 

“ သူတို့က ကားတွေကို အဓိကထားစစ်တာ၊ လိုင်စင်မရှိတဲ့ 4 Wheel ကားတွေဆို သူတို့သိပ်ကြိုက်တာ၊ အဲ့ဒီကားတွေ ဖမ်းပြီးရင် စစ်စိမ်းရောင် ဆေးနဲ့ပြန်မှုတ်ပြီးတော့ သူတို့က စစ်တပ်အတွက် ပြန်အသုံးပြုတာ” လို့ တောင်ကြီးမြို့ခံတစ်ဦးက Hsan Loi Voice ကို ပြောပါတယ်။

 

ဒါ့အပြင် ဖမ်းဆီးရမိတဲ့ လိုင်စင်မဲ့ကားများကို စစ်ကောင်စီရဲ့ ဝန်ထမ်းများအား ပြန်လည်ချပေးတယ်လို့ သူကဆက်ပြောပါတယ်။

 

များသောအားဖြင့် သျှမ်းပြည်နယ်အတွင်းက ပြည်သူများသည် လိုင်စင်မဲ့ကားများကို အဓိကထား စီးနင်းမောင်းနှင်ကြတာဖြစ်ကာ ယခင်က ဖမ်းဆီးခံရတဲ့ကားများကို ငွေကြေးနဲ့ ပြန်ထုတ်ယူလို့ ရပေမယ့် ယခုဖမ်းဆီးမှုသည် ကားကို အပြီးတိုင် သိမ်းဆည်းပစ်တာဖြစ်တယ်လို့ သိရပါတယ်။