တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

လားရှိုး ၊ ကျောက်မဲနှင့်သီပေါမြို့နယ်အတွင်း လျှပ်စစ်မီးပြန်လည်ရရှိရန် ခက်ခဲနေသေးဟုဆို

လားရှိုး ၊ ကျောက်မဲနှင့်သီပေါမြို့နယ်အတွင်း လျှပ်စစ်မီးပြန်လည်ရရှိရန် ခက်ခဲနေသေးဟုဆို

Hsan Loi Editor
17/12/2023
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး၊ ကျောက်မဲမြို့နယ်နှင့်သီပေါမြို့နယ်တို့တွင် တိုက်ပွဲကြောင့် ရွှေလီလျှပ်စစ်ဓာတ်အားလိုင်းကြိုးများထိခိုက်ပြီး ယနေ့အထိ လျှပ်စစ်မီးပြန်လည်ရရှိခြင်း မရှိသေးပါ။

 

“မဟာဓာတ်အားလိုင်း(၂) ပြတ်နေတာ ဖြစ်တဲ့အတွက် လားရှိုး၊ သီပေါ၊ နမ္မတူ၊ မန်တုံ၊ နမ့်လန် ဘက်မှာ မီးတွေပြတ်နေတာဖြစ်တယ်။ ကျောက်မဲနဲ့သီပေါကြားမှာ သွယ်တန်းထားတဲ့ 33KV လိုင်း ထိထားတဲ့အတွက် မီးမလာတာဖြစ်ပါတယ်။ 33 KV လိုင်းကို ပြုပြင်ပြီးမှပဲ မီးပြန်လင်းမှာဖြစ်တယ်။ အခုဆိုရင် မီးပြတ်နေတာ (၂)ပတ်လောက်ဖြစ်နေပါပြီ။ ကျနော်တို့ ပရဟိတ လူမှုကူညီရေး ညီအကိုတွေက ပူးပေါင်းပြီး လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းတွေကို ဓာတ်ကြိုးထိခိုက်ထားတဲ့နေရာတွေ ပြန်လည်ပြုပြင်ရေးလုပ်ငန်းများ ကြိုးစားလုပ်ဆောင်ပေးနေပါတယ်။” ဟု လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးက ပြောပြသည်။

 

လက်ရှိတွင် နောင်ချို၊ ကျောက်ဂူ၊ နမ့်လန်၊ သီပေါ ကြားရှိ 33 KV ကြိုးပြန်လည်ပြုပြင်နိုင်ရန် လိုက်လံရှာဖွေနေသေးကြောင်း သတင်းရရှိသည်။