သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

လားရှိုး-သီပေါ လမ်းမကြီး မယ်ဟန်ရွာစာသင်ကျောင်းအနီး ယာဉ်မတော်တဆ တိမ်းမှောက်ပြီး အမျိုးသား(၂)ဦး ဒဏ်ရာပြင်းထန်စွာရရှိ

လားရှိုး-သီပေါ လမ်းမကြီး မယ်ဟန်ရွာစာသင်ကျောင်းအနီး ယာဉ်မတော်တဆ တိမ်းမှောက်ပြီး အမျိုးသား(၂)ဦး ဒဏ်ရာပြင်းထန်စွာရရှိ

Hsan Loi Editor
10/04/2023
Share:

 

ယနေ့ (၁၀.၄.၂၀၂၃) ရက်နေ့ နံနက်ပိုင်းတွင် သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် လားရှိုး-သီပေါလမ်း မယ်ဟန်ကျေးရွာ စာသင်ကျောင်းအနီး၌ ကားချင်းရှောင်ရာက ကားတစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါသူ အမျိုးသား (၂)ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး လားရှိုးမြို့ လူမှုကူညီရေးအသင်းမှ လားရှိုးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။

 

မတော်တဆဖြစ်စဉ်ကြောင့် လမ်းဘေးထိုးကျသွားသော ကား၏ ခေါင်းခန်းတစ်ခုလုံး ကြေမွပျက်စီးခဲ့ကြောင်းသိရသည်။ အလာတူး မော်တော်ဆိုင်ကယ်တစ်စီးကိုလည်း တိုက်မိပြီး ပျက်စီးခဲ့သည်။

 

လားရှိုး-သီပေါလမ်းမကြီးသည် ကုန်တင်ယာဉ်ကြီးများနှင့် ကားကြီးကားငယ်များ များပြားရှုပ်ထွေးသောကြောင့် ယာဉ်မတော်တဆမှု မကြာခဏဖြစ်ပွားလေ့ရှိပြီး သင်္ကြန်ကာလ ရုံးပိတ်ရက်အတွင်း ပိုမိုသတိထားမောင်းနှင်ရန် လိုအပ်ပါသည်။

 

photo credit & လားရှိုးလူငယ်များလူမှုကူညီရေးအသင်း