ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

လားရှိုး-သီပေါ လမ်းမကြီး မယ်ဟန်ရွာစာသင်ကျောင်းအနီး ယာဉ်မတော်တဆ တိမ်းမှောက်ပြီး အမျိုးသား(၂)ဦး ဒဏ်ရာပြင်းထန်စွာရရှိ

လားရှိုး-သီပေါ လမ်းမကြီး မယ်ဟန်ရွာစာသင်ကျောင်းအနီး ယာဉ်မတော်တဆ တိမ်းမှောက်ပြီး အမျိုးသား(၂)ဦး ဒဏ်ရာပြင်းထန်စွာရရှိ

Hsan Loi Editor
10/04/2023
Share:

 

ယနေ့ (၁၀.၄.၂၀၂၃) ရက်နေ့ နံနက်ပိုင်းတွင် သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် လားရှိုး-သီပေါလမ်း မယ်ဟန်ကျေးရွာ စာသင်ကျောင်းအနီး၌ ကားချင်းရှောင်ရာက ကားတစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါသူ အမျိုးသား (၂)ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး လားရှိုးမြို့ လူမှုကူညီရေးအသင်းမှ လားရှိုးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။

 

မတော်တဆဖြစ်စဉ်ကြောင့် လမ်းဘေးထိုးကျသွားသော ကား၏ ခေါင်းခန်းတစ်ခုလုံး ကြေမွပျက်စီးခဲ့ကြောင်းသိရသည်။ အလာတူး မော်တော်ဆိုင်ကယ်တစ်စီးကိုလည်း တိုက်မိပြီး ပျက်စီးခဲ့သည်။

 

လားရှိုး-သီပေါလမ်းမကြီးသည် ကုန်တင်ယာဉ်ကြီးများနှင့် ကားကြီးကားငယ်များ များပြားရှုပ်ထွေးသောကြောင့် ယာဉ်မတော်တဆမှု မကြာခဏဖြစ်ပွားလေ့ရှိပြီး သင်္ကြန်ကာလ ရုံးပိတ်ရက်အတွင်း ပိုမိုသတိထားမောင်းနှင်ရန် လိုအပ်ပါသည်။

 

photo credit & လားရှိုးလူငယ်များလူမှုကူညီရေးအသင်း