ယမန်နေ့ည (၇း၅၀) ခန့်၌ သျှမ်းပြည်နယ်မြောက်ပိုင်း လေယာဉ်ကွင်းလမ်းကွေ့တွင် Honda Fit ကားနှင့် ဆိုင်ကယ် တိုက်မိခဲ့ကြောင်း သတင်းရရှိသည်။
ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်စီးလာသူအမျိုးသမီး (၂) ဦး ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရရှိသူ အမျိုးသမီး (၂) ဦးကို လားရှိုးလူငယ်များ လူမှုကူညီရေးအသင်းက ဆေးရုံသို့ပို့ဆောင်ပေးခဲ့သည်။ လားရှိုးလေယာဉ်ကွင်းအကွေ့၌ မကြာခဏ ယာဉ်မတော်တဆမှုဖြစ်ပွားတတ်ပြီး ယာဉ်မောင်းများအနေဖြင့် သတိထားမောင်းနှင်ကြရန်လိုအပ်ကြောင်း လားရှိုးဒေသခံများက တိုက်တွန်းထားသည်။
Photo credit & လားရှိုးလူငယ်များလူမှုကူညီရေးအသင်း

