ယနေ့ဇူလိုင်လ(၆)ရက် နံနက်ပိုင်းမှာ သျှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ ရက်ကွက်(၇) ကွက်သစ်ရှိ စိတ္တသုခ ဘုန်းကြီးကျောင်းအတွင်း လက်နက်ကြီးကျရောက်မှုကြောင့် ကိုယ်ရင်လေး (၃)ပါးထိ၍ ဒဏ်ရာပြင်းထန်နေကြောင်း ဒေသခံသတင်းရင်းမြစ်မှသိရသည်။
“မိုးတောင်မလင်းသေးဘူး တအုံးအုံးချနေတာ အထက်မန်အိုင်(၅၀၇)တပ်ဘက်က ရဟတ်ယာဥ်ရော တခြားလေယာဥ်ကော အခုထိပျံနေဝဲနေတုန်း လက်နက်ကြီးကတော့ တောက်လျှောက်ပဲပစ်နေတယ်” လို့ လားရှိုးမြို့တွင်းမှာပဲ ရှိနေသေးတဲ့ ဒေသခံတစ်ဦးက ပြောသည်။
နောက်ဆုံးရ သတင်းများကို ဆက်လက်ဖော်ပြသွားပါမည်။