သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

လားရှိုးမြို့ မြို့မဈေးပြန်ဖွင့်ပြီ၊ လျှပ်စစ်မီးပြန်လည်ရရှိရေးအတွက်လည်း စတင်ပြင်ဆင်နေပြီဖြစ်

လားရှိုးမြို့ မြို့မဈေးပြန်ဖွင့်ပြီ၊ လျှပ်စစ်မီးပြန်လည်ရရှိရေးအတွက်လည်း စတင်ပြင်ဆင်နေပြီဖြစ်

Hsan Loi Editor
30/08/2024
Share:

 

လားရှိုးမြို့ မြို့မဈေးနှင့် မြို့တွင်းဈေးဆိုင်များ ယနေ့ ဩဂုတ်လ (၃၀) ဆိုင်ခန်းတော်တော်များများ ပြန်လည်ဖွင့်လှစ်နေပြီဖြစ်ပြီး မြို့တွင်းရှိ ဈေးဆိုင်များလည်း ပုံမှန်ပြန်လည် လည်ပတ်ရောင်းချနေပြီဟု သိရသည်။ ဒါ့အပြင် လားရှိုးမြို့နယ်အတွင်း လျှပ်စစ်မီးပြန်လည်ရရှိရေးအတွက် 33 KV ဓာတ်အားလိုင်းကိုလည်း ပြန်လည်ပြင်ဆင်နေပြီဖြစ်သည်။ ဆက်သွယ်ရေးကွန်ယက်များအဖြစ် ယနေ့တွင် MPT နှင့် MYTEL ဖုန်းလိုင်းများလည်း ပြန်လည်အသုံးပြုနိုင်နေပြီဖြစ်သည်။

 

အလားတူ လားရှိုး-သီပေါ-ကျောက်မဲ-နောင်ချိုကားလမ်းကိုလည်း ယနေ့တွင် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များက ယနေ့တွင် လမ်းပြန်ဖွင့်ပေးခဲ့ပြီး ခရီးပြန်လည်သွားလာနိုင်ပြီဖြစ်သည်။ လားရှိုးမြို့တွင်းကို ဒေသခံများ တစ်ဖြည်းဖြည်း ပြန်လည်ဝင်ရောက်နေထိုင်နေကြပြီဖြစ်ကြောင်း သိရသည်။