သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

လားရှိုးမြို့ ဂေါက်ကလပ်ရှေ့တွင် ယာဉ်တိုက်မှုဖြစ်ပွားမှုကြောင့် စိုးရိမ်ဒဏ်ရာရရှိထားသည့်လူငယ်တစ်ဦး ယနေ့အထိ မိသားစုနှင့်အဆက်အသွယ်မရသေး

လားရှိုးမြို့ ဂေါက်ကလပ်ရှေ့တွင် ယာဉ်တိုက်မှုဖြစ်ပွားမှုကြောင့် စိုးရိမ်ဒဏ်ရာရရှိထားသည့်လူငယ်တစ်ဦး ယနေ့အထိ မိသားစုနှင့်အဆက်အသွယ်မရသေး

Hsan Loi Editor
04/04/2023
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ ဂေါက်ကလပ်ရှေ့တွင် (၁.၄.၂၀၂၃) ရက်နေ့က ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည်။ ယာဉ်တိုက်မှုကြောင့် အမျိုးသား(၂)ဦး သေဆုံးခဲ့ပြီး တစ်ဦးပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။

 

ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိထားသူကို သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ ပြည်သူ့ဆေးရုံကြီး ခွဲစိတ်ကုသဆောင်တွင် အတွင်းလူနာအဖြစ်ထားရှိထားသည်။

 

“လူနာကတော့ ပြင်းထန်တဲ့ဒဏ်ရာတွေရထားတယ်။ ဖြစ်တဲ့နေ့ကတည်းက ကျနော်တို့ လူမှုကူညီရေးအသင်းအဖွဲ့ကလူတွေ လူနာကို ဆေးရုံတခါတည်းပို့ပြီး ကုသမှုခံယူစေခဲ့တယ်။ ဒါပေမယ့် သူက သတိပြန်မလည်သေးတော့ နာမည်ရော နေရပ်လိပ်စာရောမသိရသေးဘူး။ အခုထိလည်း သူ့မိသားစုနဲ့ ဆွေမျိုးတွေနဲ့ အဆက်အသွယ်မရသေးဘူး။ သူ့လက်ရှိအခြေအနေကတော့ သိပ်မကောင်းဘူး။” ဟု လားရှိုးလူငယ်များ လူမှုကူညီရေးအသင်းက ပြောပြသည်။

 

အဆိုပါလူငယ်၏ မိဘနှင့် မိသားစုဝင်များ ကို သိပါက လားရှိုးလူငယ်များ လူမှုကူညီရေးအသင်းကို ဆက်သွယ်ပေးရန် ထုတ်ပြန်ထားသည်။