သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

လားရှိုးမြို့ ကွန်ပျူတာတက္ကသိုလ်အား စစ်ကောင်စီက လေကြောင်းဖြင့် ဗုံး(၃)လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး၊ (၂) ရက်ဆက်တိုက် လားရှိုးမြို့အား ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်

လားရှိုးမြို့ ကွန်ပျူတာတက္ကသိုလ်အား စစ်ကောင်စီက လေကြောင်းဖြင့် ဗုံး(၃)လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး၊ (၂) ရက်ဆက်တိုက် လားရှိုးမြို့အား ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်

Hsan Loi Editor
05/10/2024
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်းရှိ MNDAA နှင့် တော်လှန်ရေးအင်အားစုများ သိမ်းပိုက်ထားသော လားရှိုးမြို့အား ယနေ့ နံနက် (၁၀ နာရီ ၅၀ မိနစ်ခန့်) တွင် စစ်ကောင်စီတပ်ဘက်က လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့ကြောင်း သိရသည်။ လားရှိုးမြို့ရှိ ကွန်ပျူတာတက္ကသိုလ်အား စစ်ကောင်စီဘက်က လေယာဉ်ဖြင့် ဗုံး (၃) လုံး ကြဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

 

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကွန်ပျူတာတက္ကသိုလ်အတွင်းရှိ အဆောက်အအုံများ ထိခိုက်ပျက်စီးပြီး လူထိခိုက်သေဆုံးမှုမရှိပါ။

 

ယမန်နေ့ နံနက်အစောပိုင်းကလည်း လားရှိုးမြို့ ရပ်ကွက်(၈) နှင့် ရပ်ကွက်(၅) ရှိ တရုတ်ဘုံကျောင်းအား စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ၂ ရက်ဆက်တိုက် လားရှိုးမြို့အား ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်။