သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

လားရှိုးမြို့၌ ၁၀ ရက်ကြာ ပျောက်ဆုံးနေသော ရေနစ်သေဆုံးခဲ့သည့် ကလေးငယ်အလောင်း ပြန်တွေ့ပြီ

လားရှိုးမြို့၌ ၁၀ ရက်ကြာ ပျောက်ဆုံးနေသော ရေနစ်သေဆုံးခဲ့သည့် ကလေးငယ်အလောင်း ပြန်တွေ့ပြီ

Hsan Loi Editor
31/08/2023
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ရေအေးချောင်းတွင် ဩဂုတ်လ (၂၀) ရက်နေ့က ကလေးငယ်တစ်ဦး ရေကစားရင်း ရေနစ်သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ၎င်း၏ ရုပ်အလောင်းကို ပရဟိတ လူမှုကူညီရေးအသင်းအဖွဲ့များက နေ့စဉ်နေ့တိုင်းရှာဖွေခဲ့သော်လည်း တစ်ပတ်ကျော်ခန့်အထိ တွေ့ရှိခဲ့ခြင်းမရှိပါ။

ယမန်နေ့ ဩဂုတ်လ (၃၀) ရက်နေ့ ညနေ (၆) နာရီဝန်းကျင်ခန့်တွင် ရေနစ်သေဆုံးခဲ့သော ကလေးငယ်၏ရုပ်အလောင်းကို လားရှိုးမြို့နယ် အီနိုင်းကျေးရွာအုပ်စု၊ အီနိုင်းလုံရွာရှိ ချောင်းထဲတွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။ ကလေးငယ်၏ ရုပ်အလောင်းသည် ပုပ်ပွပျက်စီးနေပြီဖြစ်ကာ အနံ့အသက်လည်းအတော်ဆိုးဆိုး ထွက်နေပြီဖြစ်ကြောင်း သွားရောက်ကူညီခဲ့သော လားရှိုးလူငယ်များ လူမှုကူညီရေးအသင်းက အဖွဲ့ဝင်တစ်ဦးက ပြောပြသည်။

သေဆုံးသူတွင် ဝတ်ဆင်ထားသော အဝတ်အစားများအရ ပျောက်ဆုံးနေသော ကလေးငယ်၏ ရုပ်အလောင်းဖြစ်ကြောင်း မိသားစုဝင်များက အတည်ပြုပေးခဲ့ပြီး ၎င်းအလောင်းကို ဆယ်ယူကာ လားရှိုးပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ လားရှိုးလူငယ်များလူမှုကူညီရေးအသင်းက ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိသည်။