သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ ရပ်ကွက် (၈) ရှိ အဆောက်အအုံသစ်တစ်ခုတွင် ဆားဗစ်ကန်အတွင်းပိတ်မိပြီး ဆောက်လုပ်ရေးလုပ်သားအမျိုးသား (၃) ဦး သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း လားရှိုးလူငယ်များလူမှုကူညီရေးအဖွဲ့ထံမှ သိရသည်။
ယနေ့ မွန်းလွဲ (၂) နာရီခန့်တွင် ဆောက်လုပ်ရေးလုပ်သား (၃) ဦးစလုံး ဆားဗစ်ကန်အတွင်းဆင်းရာမှ အောက်စီဂျင်ပြတ်တောက်ပြီး သေဆုံးခြင်းဖြစ်သည်။
ဆောက်လုပ်ရေးလုပ်သားများ ဆားဗစ်ကန်အတွင်းပိတ်မိနေမှုကို လားရှိုးလူမှုကူညီရေးအသင်းများက သိရှိပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သော်လည်း သေဆုံးနေသော အလောင်းများကိုသာ ထုတ်ယူနိုင်ခဲ့ကြောင်း သတင်းရရှိသည်။
