သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

လားရှိုးမြို့ရှိ စစ်ကောင်စီတပ်မိသားစုဝင်များ အထုပ်အပိုးဖြင့် ပြောင်းရွေ့နေ

လားရှိုးမြို့ရှိ စစ်ကောင်စီတပ်မိသားစုဝင်များ အထုပ်အပိုးဖြင့် ပြောင်းရွေ့နေ

Hsan Loi Editor
11/01/2024
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အား မြောက်ပိုင်းမဟာမိတ်အဖွဲ့က ဝင်ရောက်သိမ်းပိုက်မည်ဟူသော သတင်းများကြောင့် ဒေသခံများစွာ နေ့စဉ်နေ့တိုင်း ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရသည်။

ထိုအထဲတွင် စစ်ကောင်စီတပ်ဝင်းအတွင်းမှ ၎င်းတို့​၏ မိသားစုဝင်များလည်း နေ့တိုင်း အထုပ်အပိုးများဖြင့်ပြောင်းရွေ့နေကြကြောင်း ဒေသခံများက မြင်တွေ့ပြီး Hsan Loi Voice ကိုပြောပြသည်။

“ လားရှိုးကို ဒီလ(၁၀) ရက်နေ့နောက်ဆုံးထားပြီး ရွှေ့ပြောင်းပေးဖို့ သတင်းထွက်ပေါ်လာရာကနေ တစ်နေ့ထက်တစ်နေ့ ထွက်ပြေးနေကြတဲ့လူတွေ ပိုများလာတယ်။ စားသောက်ဆိုင်တွေနဲ့ ဈေးဆိုင်နည်းနည်းပဲဖွင့်တော့တယ်။ မြို့ထဲက စစ်တပ်ထဲကနေ အထုပ်အပိုးတွေတင်ပြီးလည်း ပြောင်းနေကြတာတွေ့တော့ လူတွေကပိုကြောက်ကုန်ကြတယ်။ ကျနော်တို့ကတော့ ပြောင်းစရာနေရာလည်းမရှိဘူး ဘယ်မှသွားစရာမရှိတဲ့အတွက်လားရှိုးမှာပဲ ဆက်နေနေပါသေးတယ်။” ဟု ဒေသခံတစ်ဦးက ပြောပြသည်။

လားရှိုးမြို့တွင် စစ်ကောင်စီတပ်ဘက်က ညတိုင်း လက်နက်ကြီးဖြင့် ပစ်ခတ်သည့်အသံများလည်း ထွက်ပေါ်လျက်ရှိကြောင်း သတင်းရရှိသည်။