သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

လားရှိုးမြို့မှ လူငယ်များအား စစ်မှုထမ်းခြင်းနှင့် လူငယ်စုဆောင်းခြင်း လုပ်ဆောင်မည်မဟုတ်ဟု MNDAA က လူထုတွေ့ဆုံပွဲမှာ ရှင်းလင်းပြောကြား

လားရှိုးမြို့မှ လူငယ်များအား စစ်မှုထမ်းခြင်းနှင့် လူငယ်စုဆောင်းခြင်း လုပ်ဆောင်မည်မဟုတ်ဟု MNDAA က လူထုတွေ့ဆုံပွဲမှာ ရှင်းလင်းပြောကြား

Hsan Loi Editor
20/08/2024
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှ ဒေသခံများ စိုးရိမ်နေကြသည့် စစ်မှုထမ်းခြင်းကိစ္စ၊ စားနပ်ရိက္ခာပေးဆောင်ခြင်းနှင့် လူငယ်စုဆောင်းခြင်းကိစ္စနှင့်ပတ်သက်ပြီး လုံးဝမရှိကြောင်း အထူးဒေသ(၁) ဒုတိယအတွင်းရေး မှူး Mr.Li Xinhai က ပြောပါသည်။

 

လားရှိုးမြို့နှင့်ပတ်သက်သည့် အထူးဒေသ(၁)၏ လက်ရှိမူဝါဒများကို ပြည်သူများ ပိုမိုနားလည် သဘော ပေါက် လာစေရန်နှင့် ပြည်သူတို့၏ ပြဿနာများကို ဖြေရှင်းပေးနိုင်ရန် ပြည်သူများအကြား ပူးပေါင်းပါဝင်နိုင်ရေး ရည်ရွယ်ချက်ဖြင့် ဩဂုတ်လ (၁၈)ရက်နေ့တွင် ကျင်းပသည့် လားရှိုးမြို့ လူထုတွေ့ဆုံပွဲမှာ အထက်ပါအတိုင်း ပြောကြားခဲ့ပါသည်။

 

ထို့အပြင် မဟာမိတ်တပ်ဖွဲ့သည် ပြည်သူမှ ဆင်းသက် လာကာ ပြည်သူ့အတွက် တာဝန်ထမ်းဆောင်ပြီး ပြည်သူများ၏ အကျိုးစီးပွားကို ထိခိုက်စေသည့် မည်သည့်အရာကိုမျှ လုပ်‌ဆောင်မည် မဟုတ်ကြောင်းလည်း အလေးအနက် ပြောကြားခဲ့‌ကြောင်းသိရသည်။

 

လားရှိုးမြို့ပေါ်ရှိ ကွန်ရက်ဆက်သွယ်ရေးပြဿနာများနှင့်ပတ်သက်ပြီး MNDAA မှ ဒုတိယအတွင်းရေးမှူး Mr.Li Xinhai က ရပ်ကွက်တစ်ခုစီတွင် ကွန်ရက်ဆာဗာတစ်ခု တပ်ဆင်ရန်နှင့် ဒေသခံများအား အခမဲ့အသုံးပြုခွင့်ပေးရန် ညွှန်ကြားထားကြောင်းလည်း သိရှိရပါသည်။