သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

လားရှိုးမြို့ပေါ်အထိ စစ်ပွဲသံသဲ့သဲ့ရောက်ရှိနေပြီ

လားရှိုးမြို့ပေါ်အထိ စစ်ပွဲသံသဲ့သဲ့ရောက်ရှိနေပြီ

Hsan Loi Editor
28/10/2023
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ပေါ် ရပ်ကွက်အချို့တွင် စစ်ကောင်စီအဖွဲ့ရှိသော နေရာအချို့အား ယနေ့ အောက်တိုဘာလ(၂၈)ရက်နေ့တွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့က Drone ဖြင့် စတင်တိုက်ခိုက်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။

ဒရုန်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီလက်အောက်ခံ ဒေသခံပြည်သူ့စစ်အဖွဲ့ဝင်များလည်း သေဆုံးမှုရှိသည်ဟု ဒေသသတင်းအရင်းအမြစ်များကဆိုသည်။

ယနေ့ ညနေပိုင်းခန့်တွင်လည်း ကန်မိန်းသျှမ်းကျောင်းနားအထိ အပြန်အလှန်ပစ်ခတ်နေသည့် သေနတ်သံများကြားနေရသည်ဟု သိရသည်။

ယမန်နေ့ အောက်တိုဘာလ(၂၇)ရက်နေ့ ညပိုင်းတွင် လားရှိုးမြို့၌ တစ်ညလုံး လက်နက်ကြီးပစ်ခတ်သံများဖြင့် ဆူညံနေပြီး ယနေ့ နေ့ခင်းပိုင်း၌ ပစ်ခတ်တိုက်ခိုက်သံများ စတင်ကြားနေရခြင်းဖြစ်သည်။