သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

လားရှိုးမြို့နယ်တွင် စစ်ဘေးရှောင် (၃၀၀၀)ဦးကျော်ရှိနေပြီး အကူအညီလိုအပ်နေဟုဆို

လားရှိုးမြို့နယ်တွင် စစ်ဘေးရှောင် (၃၀၀၀)ဦးကျော်ရှိနေပြီး အကူအညီလိုအပ်နေဟုဆို

Hsan Loi Editor
28/10/2023
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်းတွင် ယမန်နေ့ အောက်တိုဘာလ(၂၇)ရက်နေ့က မြောက်ပိုင်းမဟာမိတ်အဖွဲ့၏ ၁၀၂၇-စစ်ဆင်ရေး စတင်ခဲ့ပြီး မြို့နယ်တော်တော်များများရှိ စစ်ကောင်စီတပ်စခန်းများအား တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။

 

အဆိုပါစစ်ဆင်ရေးကြောင့် သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်ရှိ ယာယီစစ်ဘေးရှောင်စခန်းများတွင် ရောက်ရှိလာသော စစ်ဘေးရှောင်မိဘပြည်သူ စုစုပေါင်း(၃၀၀၀)ဦးကျော်ရှိနေပြီဖြစ်ကြောင်း သိရသည်။

 

လားရှိုးမြို့နယ် ကုန်းသာကျေးရွာတွင် (၄၅၀)ဦး၊ လားရှိုးမြို့ မန်ဆူဘုန်းကြီးကျောင်းတွင် (၂၀၀၀)ဦး၊ မိုင်းတိမ်ကျေးရွာဘုန်းကြီးကျောင်းတွင် (၅၀၀)ဦး၊ ဟိုပိတ်ဘုန်းကြီးကျောင်းတွင် (၁၀၀)ဦး စုစုပေါင်း(၃၀၀၀)ဦးကျော် ရောက်ရှိထားသည်ဟုဆိုသည်။

 

၎င်းတို့အထဲတွင် မိုင်းတိမ်ဘုန်းကြီးကျောင်းနှင့် ကုန်းသာကျေးရွာတွင် ရောက်ရှိနေကြသူများသည် မြို့နှင့်အလှမ်းဝေးနေသည့်အတွက် မြို့တွင်းသို့ ဝင်ရောက်ခိုလှုံချင်နေသည်ဟု စစ်ဘေးရှောင်ကူညီရေးဆောင်ရွက်နေသူများက ဖော်ပြထားသည်။

 

အဆိုပါစစ်ဘေးရှောင်မိဘပြည်သူများ၏ နေ့စဉ်နေထိုင်စားသောက်ရေးကို ကူညီဆောင်ရွက်လိုပါက အောက်ပါပုဂ္ဂိုလ်များထံ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။

 

နန်းငင်းဟွမ် – ဟိုပိတ်ကျေးရွာ

– ၀၉၄၀၃၇၅၁၃၇၄

 

လုင်းအားတီ – မိုင်းတိမ်

– ၀၉၇၇၀၃၅၈၂၆၆

 

နန်းငွေကြည် – ကုန်းသာရွာ

– ၀၉၆၆၁၄၆၅၇၅၃

 

ဆရာတော်ကောလိန္ဒ – မန်ဆူကျောင်း

– ၀၉၄၀၃၇၀၃၀၀၀