သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

လားရှိုးမြို့ထဲ စစ်ကောင်စီဝန်ထမ်း ပြန်လည်ဝင်ရောက်မှာဖြစ်လို့ လားရှိုး−နောင်မွန်လမ်း အဝင်အထွက် ယာယီပိတ် ထားတယ်လို့ဆို

လားရှိုးမြို့ထဲ စစ်ကောင်စီဝန်ထမ်း ပြန်လည်ဝင်ရောက်မှာဖြစ်လို့ လားရှိုး−နောင်မွန်လမ်း အဝင်အထွက် ယာယီပိတ် ထားတယ်လို့ဆို

Hsan Loi Editor
18/04/2025
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ထဲမှာ စစ်ကောင်စီရဲ့ ဝန်ထမ်း ပြန်လည်ဝင်ရောက်လာမှာဖြစ်လို့ လားရှိုးမြို့အဝင် လားရှိုး−နောင်မွန်လမ်းပိုင်းကို ဒီကနေ့ ဧပြီလ ၁၈ ရက် နံနက်အစောပိုင်းက ယာယီပိတ် ထားတယ်လို့ စုံးစမ်းသိရပါတယ်။

 

“ လားရှိုး−သီပေါလမ်းက နောင်မွန်နဲ့ လားရှိုး−မိုင်းရယ်ဘက်က နမ့်ပေါင်ဘက်မှာ လမ်းတွေပိတ်ထား ပါတယ်၊ ဒီနေ့ စစ်ကောင်စီရဲ့ အဖွဲ့အချို့ လားရှိုးထဲ ပြန်ဝင်မယ်ကြားတယ်၊ ကိုးကန့်တပ်တွေ ပိတ်ထားတာပါ၊ ဘယ်လောက်ကြာကြာပိတ်မှာလဲတော့ မသိသေးဘူး” လို့ လားရှိုးဒေသခံတစ်ဦးက Hsan Loi Voice ကို ပြောပါတယ်။

 

MNDAA အနေနဲ့ ပြီးခဲ့တဲ့ မတ်လကတည်းက စပြီး လားရှိုးမြို့ထဲကနေ ပြန်လည်ဆုတ်ခွာကာ ဌာနဆိုင်ရာရုံးမှာရှိတဲ့ ပစ္စည်းများလည်း အကုန်သယ်ဆောင်သွားတယ်လို့ သိရပါတယ်။

 

တရုတ်ရဲ့ ဖိအားကြောင့် လာမယ့် ဧပြီလ ၂၁ ရက်မှာ MNDAA အနေနဲ့ လားရှိုးမြို့ကနေ နောက်ဆုံးထားဆုတ်ခွာပေးရမှာဖြစ်ပြီး စစ်ကောင်စီဘက်က ပြန်လည်ဝင်ရောက် ရုံးထိုင်မှာ ဖြစ်တယ် လို့ သိရပါတယ်။

 

လားရှိုးမြို့ကနေ MNDAA ဆုတ်ခွာပေးဖို့ စစ်ကောင်စီတို့နဲ့ ကူမင်းဆွေးနွေးပွဲမှာ သဘောတူခဲ့ကြတယ် ဖြစ်တယ်လို့ ဆိုပါတယ်။ သို့ပေမယ့် နှစ်ဖက်အဖွဲ့အစည်းအနေနဲ့ ယခုချိန်ထိ တရားဝင် ထုတ်ပြန်ထား တာ မတွေ့ရသေးပါ။

 

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းက MNDAA အနေနဲ့ လားရှိုးအခြေစိုက် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ထိန်းချုပ်နိုင်ခဲ့ပြီး လားရှိုးမြို့ကို သိမ်းပိုက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။