သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

လားရှိုးမြို့တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားပြီး အပျက်အစီးများကြောင့် မြို့ပျက်ကြီးသဖွယ် ဖြစ်လာ

လားရှိုးမြို့တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားပြီး အပျက်အစီးများကြောင့် မြို့ပျက်ကြီးသဖွယ် ဖြစ်လာ

Hsan Loi Editor
31/07/2024
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် စစ်ကောင်စီတပ်နှင့် MNDAA တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကာ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အား သိမ်းပိုက်နိုင်ရေး MNDAA က ထိုးစစ်ဆင်နေဆဲဖြစ်သည်။

 

အလားတူ စစ်ကောင်စီဘက်ကနေလည်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေပိုမိုအသုံးပြုလာပြီး မြို့အတွင်း လူနေအိမ်အဆောက်အအုံများ ပျက်စီးထိခိုက်မှု ပိုများလာသည်။

 

လားရှိုးတိုက်ပွဲသတင်းကို အတိအကျဖော်ပြရန် ခက်ခဲဆဲဖြစ်သလို မြို့အတွင်း ပိတ်မိနေသော ပြည်သူများစွာ ကျန်ရှိနေသေးသည်။ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်း ပြတ်တောက်နေသည်။

 

မြို့အတွင်းရှိ ရပ်ကွက်များအတွင်း ၂ ဖက်တိုက်ပွဲကြောင့် သေဆုံးခဲ့ရသော စစ်သားအလောင်းများလည်း ပုပ်ပွနှံစော်နေသည်ဟု စစ်ရေးသတင်းအရင်းအမြစ်များက ဆိုသည်။

 

ရပ်ကွက် (၄) ၊ ရပ်ကွက် (၉) နယ်မြေ (၅) နှင့် နယ်မြေ (၁) တို့၌ လူထုအိမ်ထိခိုက်ပျက်စီးမှု ပိုများကြောင်း သိရသည်။