သျှမ်းပြည်နယ် မြောက်ပိုင်း ၊ လားရှိုးမြို့နယ် အီနိုင်းကျေးရွာအုပ်စုတွင် နိုဝင်ဘာလ ၁ ရက်နေ့က မူးယစ် ဆေးဝါး လွန်ကျူးစွာသုံးစွဲမှုကြောင့် ဆေးကြောင်နေသည့်သားဖြစ်သူက မိခင်ရင်းဖြစ်သူအား ဓါးဖြင့်ခုတ်ရာ မိခင်ဖြစ်သူမှာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
သေဆုံးသွားသော မိခင်မှာ ခြေထောက် နှစ်ဖက်လုံးတုံးတိ ခုတ်ဖြတ်ခံထားခြင်းဖြစ်ပြီး တာဝန်ရှိသူများက အလောင်းအား လားရှိုး ပြည်သူဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#HsanLoiVoice
#Photo – ကမ်းလင့်လက်