တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

လင်းခေးမြို့နယ် ဝမ်ဟတ်တိုက်နယ်မှာ ပြည်သူ့စစ်ဌာ‌နေ တိုက်ပွဲဝင်သင်တန်း အမှတ်စဉ်(၁/၂၀၂၄) သင်တန်းဆင်းပွဲကျင်းပ

လင်းခေးမြို့နယ် ဝမ်ဟတ်တိုက်နယ်မှာ ပြည်သူ့စစ်ဌာ‌နေ တိုက်ပွဲဝင်သင်တန်း အမှတ်စဉ်(၁/၂၀၂၄) သင်တန်းဆင်းပွဲကျင်းပ

Hsan Loi Editor
22/06/2024
Share:

 

သျှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်ရှိ ဝမ်ဟတ်တိုက်နယ်မှ ဒေသခံတွေက စစ်မှုထမ်းဉပဒေ ထွက်ပေါ်လာပြီးတဲ့နောက် စစ်မှုမထမ်းရအောင်လို့ဆိုပြီး တစ်လကြာ သင်ကြားပေးနေတဲ့ ဝမ်ဟတ်တိုက်နယ် (ဌာနေ)ပြည်သူ့စစ် ပြည်သူ့စစ်မှုထမ်းသင်တန်းကို တက်‌ရောက်နေကြတယ်လို့ သိရပါသည်။

 

တစ်လကြာ စစ်ပညာသင်ကြားပြီး ယခု ဇွန်လ၂၁ ရက်နေ့မှာ ပြည်သူ့စစ်ဌာနေ သာမာန်တိုက်ပွဲဝင်သင်တန်း အမှတ်စဉ်(၁/၂၀၂၄) သင်တန်းဆင်းပွဲကို လင်းခေးမြို့နယ်၊ ဝမ်ဟတ်တိုက်နယ်ရှိ နားကုန်းဘုန်း‌တော်ကြီးကျောင်းဝင်းမှာ ကျင်းပသွားကြောင်း သိရပါသည်။

 

ပြည်သူ့စစ်ဌာ‌နေ သာမာန်တိုက်ပွဲဝင်သင်တန်းဆင်းပွဲကို စစ်ကောင်စီရဲ့ လင်းခေး(အခြေချ)စစ်ဗျူဟာမှူး တက်ရောက် အားပေးကြောင်းသိရသည်။

 

အဆိုပါ သင်တန်းသည် အခြေခံစစ်ပညာ သင်ကြားပေးကာ အသက်(၁၈)နှစ်မှ အသက်(၄၀)နှစ်အရွယ်ထိ ပါဝင်ပြီး သင်တန်းသား (၃၀၀)ခန့်ရှိကြောင်း သိရသည်။