အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

လင်းခေးမြို့နယ် နားကုန်းကျေးရွာမှာ ကျင်းပတဲ့ ၂၅ ကြိမ်မြောက် ဓမ္မစကူးလ်သင်တန်းဆင်းပွဲနဲ့ သျှမ်းနှစ်သစ်ကူးကြိုဆိုပွဲသို့ RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် တက်ရောက်

လင်းခေးမြို့နယ် နားကုန်းကျေးရွာမှာ ကျင်းပတဲ့ ၂၅ ကြိမ်မြောက် ဓမ္မစကူးလ်သင်တန်းဆင်းပွဲနဲ့ သျှမ်းနှစ်သစ်ကူးကြိုဆိုပွဲသို့ RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် တက်ရောက်

Hsan Loi Editor
21/11/2025
Share:
သျှမ်းပြည်တောင်ပိုင်း၊ လင်းခေးမြို့နယ်၊ ဝမ်ဟတ်တိုက်နယ်၊ နားကုန်းကျေးရွာမှာ ကျင်းပတဲ့ ၂၅ ကြိမ်မြောက် ဓမ္မစကူးလ်သင်တန်းဆင်းပွဲနဲ့ သျှမ်းနှစ်သစ်ကူးကြိုဆိုပွဲသို့ ယမန်နေ့ နိုဝင်ဘာလ ၁၉ ရက်ည က သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွတ်စစ် တက်ရောက်ခဲ့ပါတယ်။
May be an image of one or more people and text
သျှမ်းနှစ်သစ်ကူးကြိုဆိုပွဲအခမ်းအနားမှာ သျှမ်းနှင့် အခြားတိုင်းရင်းသားများ၏ ရိုးရာအကအလှနဲ့အတူ နာမည်ကြီး အနုပညာရှင်တွေပါ ဖိတ်ခေါ် ဖျော်ဖြေခဲ့ကြပါတယ်။
May be an image of dais and text
May be an image of one or more people, lighting, crowd and textMay be an image of one or more people, crowd and textအဲ့ဒီအခမ်းအနားမှာ RCSS ဥက္ကဋ္ဌ မှ မိမိတို့ ဒေသတွင်းတိုင်းရင်းသားအချင်းချင်း ချစ်မြတ်နိုးကြရန်၊ စည်းလုံးညီညွတ်ကြရန်၊ အမှားတွေ ပြုပြင်ကြရန်နဲ့ အချင်းချင်းဖေးမကူညီကြရန် အဓိကထား ပြောကြားသွားခဲ့ပါတယ်။
May be an image of temple and Batu Caves
သျှမ်းနှစ်သက္ကရာဇ် စတင်ခြင်းသည် နန်ချိုဘုရင် စဝ်အူးတိန်ဖှ၏ သားတော် စဝ်ခွန်ဟောင် (ခေါ်) စဝ်ခွန်ယီ က မဇ္ဈိမဒေသမှ ဗုဒ္ဓဘာသာ၊ ဗုဒ္ဓကျမ်းဂန်ကို မောသျှမ်းမြေကို ပင့်ဆောင်ရောက်ရှိသည့်နှစ်၊ ဗုဒ္ဓသာသနာနှစ် ၄၅၀ ကနေ ရှိနေတဲ့ သျှမ်းနှစ်သက္ကရာဇ်အဟောင်းကို ဖြိုဖျက်ကာ သျှမ်းနှစ် သက္ကရာဇ်အသစ် ပြန်လည်စတင်ခဲ့တာဟာ ယခုဆိုရင် ၂၁၂၀ ပြည့်နှစ်သို့ ရောက်ရှိခဲ့ပြီပဲဖြစ်ပါတယ်။May be an image of one or more people, temple and text
May be an image of temple and text
ယနေ့ကျရောက်တဲ့ သျှမ်းနှစ်သစ်ကူးနေ့ အထိမ်းအမှတ်အနေနဲ့ လင်းခေးမြို့နယ်၊ ဝမ်ဟတ်တိုက်နယ်၊ ဝမ်တိန်းကျေးရွာရှိ ရှေးဟောင်းမွေတော်ဝမ်တိန်းစေတီ ထီးတော်တင်ပွဲ အခမ်းအနားကျင်းပပြီး RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွတ်စစ် က ထီးတော်တင်လှူပူဇော်ပြီး ရေစက်ချ ဆုတောင်းမေတ္တာပို့သ တယ်လို့ သိရပါတယ်။
May be an image of temple
စော်ဘွားခေတ်က တည်ထားကိုးကွယ်ထားတဲ့ ရှေးဟောင်းမွေတော်ဝမ်တိန်းစေတီတော်အား ပြန်လည် မွမ်းမံဖို့အတွက် RCSS ဥက္ကဋ္ဌမှ ထိုင်းဘတ်ငွေ ၄၅၀၀၀ ဘတ် လှူဒါန်းလိုက်တယ်လို့ သိရပါတယ်။