သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

လင်းခေးက ကိုယ်ထူကိုယ်ထ နမ့်တိန်းချောင်းကူးတံ တား (သို့မဟုတ်) ၶူဝ်ၶၢမ်ႈၼမ်ႉတဵင်း

လင်းခေးက ကိုယ်ထူကိုယ်ထ နမ့်တိန်းချောင်းကူးတံ တား (သို့မဟုတ်) ၶူဝ်ၶၢမ်ႈၼမ်ႉတဵင်း

Hsan Loi Editor
30/07/2023
Share:

 

သျှမ်းပြည်နယ်တောင်ပိုင်း ၊ လင်းခေးမြို့ ပုံးထွန်ကျေး ရွာအုပ်စု ဝမ်ကွန် နဲ့ ဝမ်ကိုင်း ရွာချင်းဆက်သည့် နမ့်တိန်းချောင်းကူးတံတား အားကိုယ်ထူကိုယ်ထတည်ဆောက်နေသည်မှာ ၅၀ ရာခိုင်နှုန်း ခန့်ပြီးစီးနေပြီ ဖြစ်ကြောင်း လင်းခေးဒေသခံများထံမှ သိရသည်။

 

“ ဟိုးအရင်တုန်းကတော့ တစ်ရွာနဲ့ တစ်ရွာသွားလာဖို့နမ့်တိန်းချောင်းကို ‌လှေနဲ့ဖြတ်ကူးရတယ်၊ နောက်ပိုင်းတော့ ယာယီတံတားတွေ လုပ်လာကြတယ် ၊ ယာယီတံတားက ၆ လ တစ်နှစ်ထက်ပိုမခံဘူး ရေကြီးချိန်ဆို ပျက်ရောအ ခုကတော့ ခိုင်မာတဲ့ တံတားတစ်စင်းအဖြစ် ကိုယ်ထူကိုယ် ထတည် ဆောက်နေကြတာပေါ့ ” ဟု လင်းခေးဒေသခံတစ်ဦးကပြောသည်။

 

တံတားတည်ဆောက်ရာမှာ အစိုးရဘတ်ဂျက် အနည်းငယ်သာရရှိခဲ့ပြီး လိုအပ်သည့် ရန်ပုံငွေများကို ရပ်ဝေးရပ်နီး အလှူရှင်များမှပါဝင်လှူဒါန်းထားကြောင်း အဆိုပါဒေသခံကပြောသည်။

 

“ အစိုးရကတော့ သိန်း ၈၀ ပဲချပေးတာ ၊ ကျန်တာ ရပ်ဝေးရပ်နီး အလှူရှင်တွေရဲ့ ရန်ပုံငွေနဲ့ပဲ ဆက်သွားနေရတာပေါ့ အစိုးရကိုစောင့်နေရင် အသက် ၉၀ ကျော်သွားလိမ့်မယ် ” ဟု၄င်းကဟုဆိုသည်။

 

အဆိုပါတံတားတည်ဆောက်ရာမှာ ဆရာတော် ဘဒ္ဒန္တဝိမလဘိပါလ ဦးဆောင်၍တည်ဆောက်ခဲ့ခြင်းကြောင့် အဘိပါလမေတ္တာကြိုးတံတား (ဝမ်ကွန်) ဟုလည်းခေါ်ဆိုပြီး ဒီဇင်ဘာလမှ စတင်တည်ဆောက်ကာ ၇ လအကြာတွင် ၅၀ ရာခိုင်နှုန်း ခန့် တည်ဆောက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။