တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော 

လက်ရှိအခြေအနေနဲ့ လိုက်လျောညီထွေမှု မရှိတာကြောင့် မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာ ဥပဒေ အသစ် ရေးဆွဲပြဋ္ဌာန်းမည်

လက်ရှိအခြေအနေနဲ့ လိုက်လျောညီထွေမှု မရှိတာကြောင့် မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာ ဥပဒေ အသစ် ရေးဆွဲပြဋ္ဌာန်းမည်

Hsan Loi Editor
15/02/2026
Share:
လက်ရှိ မြန်မာနိုင်ငံမှာ အသုံးပြုနေတဲ့ မြန်မာနိုင်ငံကူးလက်မှတ် အက်ဥပဒေဟာ လက်ရှိအခြေအနေနဲ့ လိုက်လျောညီထွေမှု မရှိတာကြောင့် မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာ ဥပဒေအသစ် ရေးဆွဲပြဋ္ဌာန်းမယ်လို့ စစ်ကော်မရှင်ရဲ့ ဥပဒေရေးရာဝန်ကြီးဌာနက ပြောလာပါတယ်။
ဖေဖော်ဝါရီလ ၁၁ ရက်က နေပြည်တော်မှာ ကျင်းပတဲ့ မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာ ဥပဒေ(မူကြမ်း) နဲ့ စပ်လျဥ်းတဲ့ အပြီးသတ်ညှိနှိုင်းအစည်းအဝေးမှာ ဥပဒေရေးရာဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချူပ် ဖြစ်တဲ့ ဒေါက်တာသီတာဦး က ပြောပါတယ်။
May be an image of one or more people
မြန်မာနိုင်ငံကူးလက်မှတ်ကို အတုအပပြုလုပ်တာ၊ အခြားသူများရဲ့ နိုင်ငံကူးလက်မှတ်ကို ကိုင်ဆောင် အသုံးပြုတာ၊ မိမိနိုင်ငံကူးလက်မှတ်ကဲ့သို့ ပြင်ဆင်ပြောင်းလဲ အသုံးပြုတာနဲ့ အခြားသူအား အသုံးပြုစေ တာ စတဲ့ လိမ်လည်လုပ်ဆောင်မှုတွေကို အရေးယူဆောင်ရွက်ရာမှာ အခက်အခဲတွေ၊ လိုအပ်ချက်တွေ ဖြေရှင်းဆောင်ရွက်နိုင်ဖို့ ဥပဒေအသစ် ရေးဆွဲရခြင်းဖြစ်တယ်လို့ ပြည်ထဲရေး ဒုဝန်ကြီး က ရှင်းလင်း ပြောကြားခဲ့ပါတယ်။
May be an image of one or more people and text
လက်ရှိအသုံးပြုနေတဲ့ မြန်မာနိုင်ငံကူးလက်မှတ် အက်ဥပဒေဟာ ၁၉၂၀ ပြည့်နှစ် အိန္ဒိယအက်ဥပဒေ အမှတ် ၃၄ နဲ့ ပြဋ္ဌာန်းထားတာဖြစ်ပြီး လက်ရှိအခြေအနေနဲ့ လိုက်လျောညီထွေမှု မရှိတာကြောင့် ဥပဒေအသစ် ပြဋ္ဌာန်းသင့်တယ်လို့ ပြည်ထောင်စုရှေ့နေချုပ်က ဆွေးနွေးပြောကြားသွားခဲ့ပါတယ်။
မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာ ဥပဒေပြဋ္ဌာန်းနိုင်ဖို့ ဥပဒေ(မူကြမ်း)မှာပါတဲ့ ပုဒ်မအလိုက် အပြီးသတ် ညှိနှိုင်းဆွေးနွေးသွားခဲ့ကြတယ်လို့ သိရပါတယ်။