တရုတ်အစိုးရရဲ့ ကြားဝင်စီစဉ်မှုနဲ့ လက်ရှိစစ်ရေးပြဿနာတွေ ပြေလည်စွာ ဖြေရှင်းနိုင်ဖို့ လာမယ့် ဖေဖော်ဝါရီလ ၁၆ ရက် မနက်ဖန်မှာ ပလောင်တပ် TNLA နဲ့ စစ်ကောင်စီတို့ ကူမင်းမှာတွေ့ဆုံဆွေးနွေးမယ်လို့ သိရပါတယ်။
TNLA ရဲ့ ကိုယ်စားလှယ်များက မြန်မာကိုယ်စားလှယ်များနဲ့ တွေ့ဆုံရန်အတွက် ယနေ့ ဖေဖော်ဝါရီလ ၁၅ ရက်မှာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကူမင်းမြို့သို့ ရောက်ရှိနေပြီဖြစ်တယ်လို့ TNLA က ထုတ်ပြန်ထားတာပါ။
PSLF/TNLA ကိုယ်စားလှယ်အဖွဲ့ကိုတော့ ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား က ဦးဆောင်ပြီး ကိုယ်စားလှယ် ၉ ဦး တက်ရောက်မှာဖြစ်ကာ စစ်ကောင်စီ ကိုယ်စားလှယ်ဖက်ဘက်မှာတော့ MNDAA ကိုးကန့်အဖွဲ့ကို တွေ့ဆုံဆွေးနွေးခဲ့သူ ကစထ(၁) မှူးဖြစ်တဲ့ ဒုဗိုလ်ချုပ်ကြီး ကိုကိုဦး မှ ဦးဆောင်မှာဖြစ်တယ်လို့ TNLA ရဲ့ သတင်းရင်းမြစ်က သိရပါတယ်။